သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုလံပစ်မီးရှူးတိုင် ကမ္ဘာပတ်ခရီး စတင်ပြီ


အိုလံပစ်မီးရှူးတိုင်ကြီးကို လက်ဆင့်ကမ်း သယ်ဆောင်ဖို့အတွက် တရုတ်နိုင်ငံ ဘေဂျင်း
မြို့တော် တီယန်နန်မင်ရင်ပြင်မှာ တနင်္လာ
နေ့က ထွန်းညှိလိုက်ပါပြီ။

ဒီမီးရှူးတိုင်ထွန်းညှိပွဲ အခမ်းအနားမှာ အလံ
ငယ်တွေဝှေ့ရမ်းနေတဲ့ ကျောင်းသားလေး
တွေနဲ့အတူ လူနည်းစု တရုတ်တိုင်းရင်းသား
တွေ၊ အသက်အရွယ် အလယ်အလတ်ရှိတဲ့
အမျိုးသမီးတွေ၊ စုပေါင်းပါဝင် ကျင်းပခဲ့ကြ
ပါတယ်။

ကော်ဇောနီခင်းထားတဲ့ ဒီအခမ်းအနားကို သတင်းဌာနတွေအပါအဝင် တရုတ်အာဏာ
ပိုင်တွေ၊ နိုင်ငံခြားသံတမန်တွေနဲ့ ထောင်နဲ့ချီတဲ့လူထုတွေ တက်ရောက်ကြပါတယ်။

အခမ်းအနားကျင်းပတဲ့ ရင်ပြင်ပတ်ဝန်းကျင်မှာ လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ်
ချထားပြီး ကားတွေ၊ လူတွေ ဖြတ်သန်းသွားလာတာကိုလည်း တားမြစ်ထားပါတယ်။

တရုတ်သမ္မတ ဟူဂျင်တောင်း (Hu Jintao) က မီးရှူးတိုင်ကိုထွန်းညှိပြီး တရုတ်နိုင်ငံက ကမ္ဘာ့အားကစားချန်ပီယံ လီယူဇန်း (Liu Xiang) လက်ထဲကို ပေးအပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG