သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘဂ္ဂဒက် ညမထွက်ရအမိန့် ပြည်လည်ရုပ်သိမ်းပြီ


အီရတ်တပ်တွေနဲ့ တိုက်ခိုက်နေတာကို ရပ်ဆိုင်းဖို့ အီရတ်က ရှီးအားဘာသာရေးခေါင်းဆောင် မော်ခ်တာဒါ အယ်လ်-ဆာဒါးက သူ့ကိုထောက်ခံတဲ့ လက်နက်ကိုင်တပ်တွေကို အမိန့်ပေးလိုက်တာကြောင့် ဘဂ္ဂဒက်က ၂၄ နာရီ အပြင်မထွက်ရအမိန့်ကို ရုပ်သိမ်း လိုက်တဲ့အကြောင်း အီရတ်အာဏာပိုင်တွေက ပြောပါတယ်။

အပြင်မထွက်ရအမိန့်ဟာ ဒီကနေ့မနက် ဒေသစံတော်ချိန် ၆ နာရီမှာ အဆုံးသတ်မယ့်အကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူတဦး က ပြောပါတယ်။ ဆာဒါးရဲ့ မာခ်ဒီတပ်မတော်နဲ့ အီရတ်အစိုးရတပ်တွေကြား တိုက်ပွဲတွေဖြစ်ခဲ့ပြီးတဲ့နောက် ကြာသပတေးနေ့မှာ အပြင်မထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့တာပါ။

အီရတ်တွေ သွေးချောင်းစီးတာကို တားဆီးဖို့ အပစ်ရပ်အမိန့်ကို ဆာဒါးကထုတ်ပြန်ခဲ့တာလို့ အီရတ်တောင်ပိုင်းမှာရှိတဲ့ သူ့ရဲ့ ရုံးကပြောပါတယ်။

ဘဂ္ဂဒက်၊ တောင်ပိုင်း ဘာဆာရာမြို့နဲ့ တခြားရှီးအားဒေသတွေမှာ အင်္ဂါနေ့ကတည်းကဆိုရင် လူ ၂၅၀ ကျော် သေဆုံးခဲ့ရပါတယ်။

တိုက်ပွဲတွေအတွင်း ညွန့်ပေါင်းတပ်စစ်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ မြေပြင်တပ်တချို့က အီရတ်တပ်တွေကို ထောက်ကူ တိုက်ခိုက်ပေးခဲ့ပါတယ်။

XS
SM
MD
LG