သုံးရလွယ်ကူစေသည့် Link များ

ဇင်ဘာဘွေ ရွေးကောက်ပွဲရလဒ်များ နှောင့်နှေး၊ မသမာမှုများဖြစ်ပေါ်မည်ကို စိုးရိမ်လျက်ရှိ


ဇင်ဘာဘွေနိုင်ငံမှာ ရွေးကောက်ပွဲရလဒ်
ကြေညာဖို့ နှောင့်နှေးနေတာဟာ မဲလိမ်ဖို့ လုပ်ဆောင်နေတယ်ဆိုတာကို ညွှန်ပြနေတယ်။
စိုးရိမ်စရာ ရှိပါတယ်ဆိုပြီး နိုင်ငံရေးပါတီစွဲ
မရှိတဲ့ လေ့လာသုံးသပ်သူတွေက ပြောပါ
တယ်။ အပြည့်အစုံကို ဗွီအိုအေသတင်း
ထောက် Delia Robertson တောင်အာဖရိက
နိုင်ငံ ဂျိုဟန်နက်စ်ဘတ်မြို့ကနေ သတင်း
ပေးပို့ထားတာကို မအေးသန္တာကျော်က တင်ပြပေးထားပါတယ်။

ဟာရားရီးမြို့တော်မှာရှိတဲ့ ဇင်ဘာဘွေရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲအပြီး လေးရက်လောက်ကြာတော့မှ တစစီထုတ်ပြန်တဲ့ ရွေးကောက်ပွဲရလဒ်ကို အများက ရှုတ်ချခဲ့ကြတာပါ။ ဒီရွေးကောက်ပွဲရလဒ်ဟာ မှန်မှန်ကန်ကန် ထွက်ပေါ်လာတာမဟုတ် ဘူးလို့ထင်ကြောင်း တောင်အာဖရိက နိုင်ငံတကာရေးရာသင်တန်းကျောင်း ဥက္ကဋ္ဌ
မိုလက်တ်စီ အမ်ဘီကီ (Moeletsi Mbeki) က ဗွီအိုအေကို ပြောပါတယ်။

“ရွေးကောက်ပွဲရလဒ်တွေ ထွက်လာပါတယ်။ ဒီရလဒ်ကိုကြေညာဖို့ တာဝန်ရှိတဲ့သူတွေ
က ကြေညာတာမဟုတ်ဘူးဗျ။ သမ္မတ မူဂါဘီ (Mugabe) နဲ့ သူ့ပါတီက မြင်တွေ့ချင်တဲ့
အဖြေမျိုးကိုပဲ ထုတ်ပေးနိုင်ဖို့ ကြိုးစားတယ်လို့ ကောက်ချက်ချရင် ရနိုင်ပါတယ်။”
မစ္စတာအမ်ဘီကီ ပြောသွားတာပါ။

ပါလီမန်၊ အထက်လွှတ်တော်နဲ့ ဒေသခံကိုယ်စားလှယ် ရွေးကောက်ပွဲတွေအတွက်
မဲရလဒ်တွေကို မဲရုံတွေမှာ ရေတွက်ပြီးတဲ့အခါ ရလဒ်ကို ဒေသဆိုင်ရာ ရွေးကောက်ပွဲ
ကော်မရှင်က အတည်ပြုပြီး တံခါးမှာကပ်ထားရတယ်ဆိုတဲ့ အချက်ကို မစ္စတာ
အမ်ဘီကီက ထည့်ပြောပါတယ်။ ပြီးတော့မှ အဲဒီရလဒ်တွေကို နယ်မြေရုံးကိုပို့ဆောင်၊
အဲဒီမှာ ရပ်ကွက်အသီးသီးက၀င်လာတဲ့ မဲအရေအတွက်တွေ ပြန်ပေါင်းပြီးတော့မှ ဟာရားရီးမြို့မှာရှိတဲ့ ရွေးကောက်ပွဲကော်မရှင် ဗဟိုရုံးကို ပို့ဆောင်ရတာပါ။ သမ္မတ ရွေးကောက်ပွဲအတွက် မဲတွေကိုတော့ ဟာရားရီးမြို့တော်မှာရှိတဲ့ ဗဟိုရုံးကိုပဲ တန်းပြီး
ပို့ပေးရတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကျင်းပတဲ့နေ့ကလည်း သမ္မတ ရောဘတ်မူဂါဘီက မဲလိမ်တာတွေတော့
ရှိမှာပဲဆိုတဲ့ ပြောဆိုမှုကို ငြင်းသွားပါတယ်။ နောက်တနေ့ တနင်္ဂနွေနေ့မှာတော့ ပထ
မဆုံး အကြိမ်အနေနဲ့ ရွေးကောက်ပွဲလေးခုကို ဆက်တိုက်ဆိုသလို ကျင်းပခဲ့တာကြောင့် ရလဒ်ထုတ်ပြန်နိုင်ဖို့ ကြန့်ကြာမှာကတော့ အသေအချာပဲဆိုတာ ရွေးကောက်ပွဲ
ကော်မရှင် အကြီးအကဲက သတင်းထောက်တွေကို ပြောသွားခဲ့ပါတယ်။ ဒီလိုမျိုး ကြိုပြောထားပေမယ့်လည်း ဇင်ဘာဘွေနိုင်ငံသားတွေနဲ့ မဲပြားအရေအတွက် သုံးသန်း အပိုရိုက်နှိပ်ထားတဲ့အချက်ကို ထောက်ပြတဲ့ ရွေးကောက်ပွဲအကဲခတ်တွေကတော့ အယုံအကြည်မရှိကြပါဘူး။

ဒီလိုကြိုတင်စီစဉ်ထားပြီး ကိုယ့်လူတွေကို မဲထည့်ခိုင်းတာမျိုး အစိုးရက လုပ်ဆောင်
လိမ့်မယ်လို့ မစ္စတာအမ်ဘီကီက ပြောပါတယ်။ ဒါပေမယ့် အတိုက်အခံဘက်က အကောင်းဆုံးလုပ်ပြသွားခဲ့တာကိုတော့ အစိုးရက အငိုက်မိသွားတယ်လို့ မစ္စတာ
အမ်ဘီကီက ဆိုပါတယ်။

“မဲဆန္ဒနယ်တွေ အနိုင်ရဖို့ သူတို့ဘက်က လူဘယ်နှစ်ယောက်ကို မဲလာပေးခိုင်းမလဲ တွက်ချက်တာမှာ သူတို့က အတိုက်အခံဘက်ကို လျှော့တွက်ပါတယ်။ အတိုက်အခံ အမ်ဒီစီပါတီဘက်က သူတို့ တမင်သက်သက် မဲလာထည့်ခိုင်းတဲ့ လူအရေအတွက်ကိုပါ
ကျော်လွန်ပြီး အနိုင်ရတာပါ။ အခုတော့ အမ်ဒီစီ မဲနိုင်တယ်ဆိုတာ တွေ့ကြရပါပြီ။”
တောင်အာဖရိက နိုင်ငံတကာရေးရာအဖွဲ့အစည်း အကြီးအကဲ မစ္စတာအမ်ဘီကီ
ပြောသွားတာ ဖြစ်ပါတယ်။

ဟိုတစ၊ ဒီတစ ထွက်ပေါ်လာတဲ့ ရွေးကောက်ပွဲရလဒ်တွေအရ လက်ရှိအာဏာရ
ဇာနု-ပီအက်ဖ်ပါတီ (ZANU-PF party) နဲ့ အတိုက်အခံ သူမသာ၊ ကိုယ်မသာ အနေ အထားမှာရှိပါတယ်။ သမ္မတရွေးကောက်ပွဲရလဒ်တွေကတော့ ထွက်ပေါ်မလာသေး
ပါဘူး။

သမ္မတအမ်ဘီကီဟာ အာဖရိကတိုက်မှာ သက်တမ်းအကြာဆုံး သမ္မတတဦးဖြစ်ပြီး
သူအာဏာကို ဆုပ်ကိုင်ထားနိုင်ရေးအတွက် ရွေးကောက်ပွဲရလဒ်ကို ပြင်ဆင်တယ်
ဆိုတဲ့ စွပ်စွဲခံရတဲ့ရာဇ၀င်လည်း ရှိပါတယ်။

သမ္မတရွေးကောက်ပွဲကို ၂၁ ရက်အတွင်း နောက်တကြိမ် ထပ်ပြီးပြန်မကျင်းပရဖို့
ဆိုရင်တော့ ယှဉ်ပြိုင်သူတွေထဲက တဦးဦးက အနည်းဆုံး မဲအရေအတွက် ၅၁% နဲ့
တမဲရရှိရမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG