သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒခံယူပွဲအကြို ဖမ်းဆီးမှု အမေရိကန် ရှုတ်ချ


မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်အတွက် မေလမှာ ကျင်းပမဲ့ ပြည်သူ့ဆန္ဒခံယူပွဲ အကြိုကာလအတွင်းမှာ မြန်မာနိုင်ငံစစ်အစိုးရဟာ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ၁၁ ယောက်ကို ဖမ်းဆီးလိုက်တဲ့အကြောင်း အမေရိကန် ပြည်ထောင်စုက ပြောကြားပါတယ်။

ဗုဒ္ဓဟူးနေ့က အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ရှောင်မက်ကွန်းမက်က မကြာမီ ရက်ပိုင်းအတွင်းမှာ အာဏာပိုင်တွေဟာ မွတ်ဆလင် အဖွဲ့အစည်းက ခေါင်းဆောင် ငါးယောက်နဲ့ မြန်မာလူငယ် တက်ကြွလှုပ်ရှားသူ ငါးယောက်တို့ကို ဖမ်းဆီးခဲ့တဲ့အကြောင်း ပြောကြားခြင်း ဖြစ်ပါတယ်။ အဲဒီ လူငယ်ငါးဦးဟာ စစ်အစိုးရရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို ဆန့်ကျင် ကန့်ကွက်တဲ့ လူထုစုဝေးပွဲမှာ ပါဝင်ခဲ့တဲ့အတွက် ဖမ်းဆီးခံရခြင်းဖြစ်တဲ့ အကြောင်း မစ္စတာ ရှောင် မက်ကွန်းမက်က ပြောပါတယ်။ အခုလို ငြိမ်းငြိမ်းချမ်းချမ်း ရှိကြတဲ့ တက်ကြွလှုပ်ရှားသူတွေ အပေါ်မှာ မြန်မာ စစ်အစိုးရက ဆက်ပြီးတော့ တိုက်ခိုက်နေခြင်းကို အမေရိကန်က ပြစ်တင်ရှုတ်ချလိုက်ပြီး ဒါဟာ ဆန္ဒခံယူပွဲအတွက် ကြောက်ရွံ့ထိပ်လန့်စေတဲ့ အခြေအနေတရပ်ကို ဖန်တီးလိုက်ခြင်း ဖြစ်တယ်လို့ ရှောင်မက်ကွန်းမက်က ပြောပါတယ်။ ဗုဒ္ဓဟူးနေ့ကလည်း နယူးယောက်မှာရှိတဲ့ ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံကို နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ပေးပြီး စစ်မှန်တဲ့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့၊ အဓိပ္ပါယ်ရှိတဲ့ ဆောင်ရွက်ချက်တွေကို လုပ်ဖို့ရန် တောင်းဆိုတဲ့ ကြေညာချက် မူကြမ်း တစောင်ကို ဖြန့်ဝေလိုက်ကြပါတယ်။ အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့က ပြုစုတင်သွင်းတဲ့ အဲဒီကြေညာချက် မူကြမ်းဟာ NLD အဖွဲ့ချုပ်က ကြေညာချက်ထုတ်တဲ့ နေ့နဲ့ တိုက်ဆိုင်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အဖွဲ့ချုပ်က မြန်မာပြည်သူတွေကို ဖွဲ့စည်းပုံ အခြေခံမူကြမ်းနဲ့ ပတ်သက်ပြီး ကန့်ကွက်မဲပေးကြပါရန် အစောပိုင်းက တိုက်တွန်းထားပါတယ်။ အဲဒီ ဥပဒေမူကြမ်းကို စစ်အစိုးရဟာ ပုံနှိပ်ထုတ်ဝေခြင်း မပြုသေးဘဲ ပြည်သူ့ဆန္ဒခံယူပွဲကို မေလမှာ ကျင်းပဖို့ စီစဉ်ထားခြင်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG