သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား မြန်မာကို စစ်လက်နက်ရောင်းချမှု ရှိမရှိ အမေရိကန် စောင့်ကြည့်နေ


မြောက်ကိုရီးယားက မြန်မာစစ်အစိုးရကို အတွဲလိုက်ပစ်ခတ်တဲ့ ဒုံးကျည်တွေ စင်ကာပူ ကုမ္ပဏီကတဆင့် တင်ပို့ရောင်းချနေတယ်လို့
ဂျပန်နိုင်ငံ အန်န်အိပ်ချ်ကေသတင်းဌာနက
မနေ့က သတင်းထုတ်ပြန်ခဲ့တဲ့ကိစ္စအပေါ်
အမေရိကန်နဲ့ စင်ကာပူနိုင်ငံက စုံစမ်း
စစ်ဆေးမှုတွေ ပြုလုပ်မယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲ ရရှိထားတာ
လေးတွေကို ကိုဇော်ဝင်းလှိုင်က တင်ပြပေး
ထားပါတယ်။

အန်န်အိပ်ချ်ကေသတင်းဌာနက အခုလို သတင်းထုတ်ပြန်ခဲ့တဲ့အပေါ် အမေရိကန် ပြည်ထောင်စုအနေနဲ့ အလေးနက်ထားတဲ့အကြောင်းနဲ့ ဒီကိစ္စဟာ နိုင်ငံတကာပြုလုပ်
ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ချိုးဖောက်ရာရောက်တဲ့အကြောင်း အမေရိကန်
နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ပြောခွင့်ရပုဂ္ဂိုလ် တွမ်ကေစီ (Tom Casey)
က သတင်းထောက်တွေရဲ့မေးခွန်းကို အခုလို ပြန်လည်ဖြေကြားခဲ့ပါတယ်။

“ဟုတ်ကဲ့၊ ဒီကိစ္စကို ကျနော်တို့သိပါတယ်။ ဒါပေမယ့် ကျနော်တို့ ဒီကိစ္စကို အထောက်
အထား ခိုင်ခိုင်လုံလုံပြနိုင်တဲ့ သတင်းအချက်အလက်တော့ မရသေးပါဘူး။ ဒါပေမယ့် အရင်နှစ်တွေက မြောက်ကိုရီးယားနိုင်ငံက နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုတွေ လုပ်ပြီးတဲ့နောက်ပိုင်း ပြုလုပ်ခဲ့တဲ့ အရေးယူပိတ်ဆို့မှု အမျိုးမျိုးကို ချိုးဖောက်ခဲ့တယ်
ဆိုတာကတော့ သေချာပါတယ်။”

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကလည်း မြောက်ကိုရီးယားက
လက်နက်တွေ စင်ကာပူကုမ္ပဏီကတဆင့် ရောင်းချမယ်ဆိုတဲ့သတင်းတွေ အခုလို
ထွက်လာတဲ့အပေါ် အလေးအနက်ထား စုံစမ်းစစ်ဆေးသွားမယ်လို့ ဒီကနေ့ပဲ သတင်း
ထောက်တွေကို ပြောခဲ့တာပါ။

နိုင်ငံတကာ သဘောတူညီချက်တွေအရ စင်ကာပူနိုင်ငံဟာ တရားမဝင် လက်နက်
မှောင်ခိုရောင်းဝယ်မှုတွေ အတတ်နိုင်ဆုံး တားဆီးသွားမယ်လို့ အဲဒီ နိုင်ငံခြားရေး
ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဆက်ပြောသွားပါတယ်။

အခုလို မြောက်ကိုရီးယားက ဒုံးကျည်တွေ မြန်မာစစ်အစိုးရကို ရောင်းချမယ့်သတင်းကို စတင်ထုတ်လွှင့်ခဲ့တဲ့ ဂျပန်နိုင်ငံ အန်န်အိပ်ချ်ကေ ရေဒီယိုသတင်းဌာန မြန်မာပိုင်းအစီ
အစဉ်က အကြံပေးအရာရှိ ဦးရွှေဘ ခေါ် မစ္စတာ အီစာအို တာနာဘဲကတော့ ဂျပန်
အစိုးရအနေနဲ့ အခုလို အရေးကြီးတဲ့ နိုင်ငံတကာကိစ္စတွေကို အမြန်ကိုင်တွယ်ဖြေရှင်းဖို့
လိုတယ်လို့ ပြောပြပါတယ်။

“ကျနော်တို့ထင်တာက ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဘာမဆို လုပ်တာကိုင်တာ နှေးကွေးတယ်ထင်ပါတယ်။ ဒီလိုအရေးကြီးတဲ့ အပြည်ပြည်ဆိုင်ရာကိစ္စကို ဒီ့ထက်
စောစောစီးစီး မြန်မြန်ကိုင်တွယ်ဖို့ ကျနော် ဒီလိုပဲထင်ပါတယ်။”

ဒီကိစ္စအပေါ် ဂျပန်အစိုးရအနေနဲ့ ဘယ်လို အရေးယူဆောင်ရွက်သင့်တယ်လို့ ထင်ပါ
သလဲလို့ မေးတဲ့အခါမှာတော့ သူက …

“ကန့်ကွက်ရမှာပေါ့၊ ဘာပဲပြောပြော”

ပြီးခဲ့တဲ့ ၂၀၀၆ နဲ့ ၂၀၀၇ ခုနှစ်တွေအတွင်းမှာလည်း မြောက်ကိုရီးယားက မြန်မာ
စစ်အစိုးရကို လက်နက်တွေ ရောင်းချခဲ့တဲ့ သာဓကတွေ ရှိခဲ့တယ်လို့ မြန်မာ့အရေးကို လေ့လာသုံးသပ်နေသူတွေက ပြောပါတယ်။ အခုလို မြောက်ကိုရီးယားနိုင်ငံက မြန်မာ
စစ်အစိုးရကို ဒုံးကျည်တွေရောင်းချမယ်လို့ သတင်းတွေထွက်လာတဲ့အပေါ် အမေ ရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယားနိုင်ငံတို့က စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်နေတယ်
လို့ ဆိုပါတယ်။ မြောက်ကိုရီးယားနိုင်ငံက အခုရောင်းမယ်ဆိုတဲ့ ဒုံးကျည်တွေဟာ
အကွာအဝေးအားဖြင့် ၆၅ ကီလိုမီတာလောက် ပစ်ခတ်နိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG