သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီရေး ကြိုးပမ်းမှုဆု မြန်မာအမျိုးသမီးနှစ်ဦးရရှိ


Vital Voices အရေးပါတဲ့အသံများဆိုတဲ့ နိုင်ငံတကာအဖွဲ့အစည်း ကနေ ကမ္ဘာတဝှမ်း ဒီမိုကရေစီ တိုးတက်ရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ကိုယ်ကျိုးစွန့်ကြိုးပမ်း ခဲ့ကြတဲ့ အမျိုးသမီး ၆ ဦးကို ဆုရှင်တွေအဖြစ် ရွေးချယ်ခဲ့ရာမှာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ မခင်ဥမ္မာ နဲ့ တိုင်းရင်းသူ မနန်းချမ်တောင်း တို့ ပါဝင်ကြပါတယ်။ လာမယ့် တနင်္လာနေ့ ဧပြီလ ၇ ရက်နေ့ ဝါရှင်တန်မြို့တော် ကနေဒီစင်တာမှာ ကျင်းပမယ့် ဆုပေးပွဲအခမ်းအနားမှာ သမ္မတကတော် လော်ရာဘုရှ် (Laura Bush) လည်း တက်ရောက်မှာဖြစ်ပါတယ်။ ဆုရှင်တဦးဖြစ်တဲ့ မခင်ဥမ္မာကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG