သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ဒုံးလက်နက် ကာကွယ်ရေးစနစ် ပုံကြမ်းဖော်


အမေရိကန်သမ္မတဘွရှ်နဲ့ ရုရှသမ္မတ ဗလာဒီမီယာပူတင်တို့ နှစ်ဦးဟာ ဒုံးလက်နက်ကာကွယ်ရေး အတွက် သဘောတူညီချက် မရခဲ့ပေမဲ့ နောက်တက်လာမဲ့ အစိုးရတွေအတွက် အကြမ်းဖျဉ်း ပုံဖေါ် ချက် ချမှတ်ပေးနိုင်ခဲ့တဲ့ တွေ့ဆုံဆွေးနွေးမှု ပြီးဆုံးသွားခဲ့ပါပြီ။ ရုရှနိုင်ငံ ဆိုချီမြို့ ကနေ ဗီအိုအေသတင်းထောက် ပေါ်လာဝုဖ်ဆင် သတင်းပေးပို့ထားပါတယ်။

အကောင်းဖက်ကိုရည်ရွယ်တဲ့ ဦးတည်ချက်နဲ့ ဆွေးနွေးခဲ့ကြတဲ့ သမ္မတနှစ်ဦးရဲ့ ဆွေးနွေး ပြောဆိုမှု တွေ ကတော့ ပြီးဆုံးသွားပါပြီ။

ဒုံးလက်နက်ကာကွယ်ရေးနဲ့ ပတ်သက်လို့ဆက်ပြီးလုပ်ဆောင်သွားမယ်လို့ နှစ်ဦးစလုံးက ပြောဆို ပါတယ်၊ ဒါ့အပြင် အမေရိကန်ရုရှား ဆက်ဆံရေး အသွင်ပြောင်းလဲမှုများနဲ့ (၇) နှစ်ထက်မနည်း လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့တာတွေကိုလည်း ဂုဏ်ယူပြောဆိုခဲ့ကြပါတယ်။

ခေါင်းဆောင်နှစ်ဦးစလုံးဟာ သူတို့တာဝန်ယူမှုပြီးဆုံးသွားပြီး နောက်တက်လာမဲ့ ခေါင်းဆောင်တွေ အတွက်လည်း ဒီကိစ္စရပ်တွေကို ရှေ့ဆက်ဆွေးနွေးနိုင်ကြဖို့ ညှိနှိုင်းခဲ့ကြပါတယ်။

ဒါတွေက နှစ်နိုင်ငံဆက်ဆံရေး နက်နဲမှုနဲ့ ကျယ်ပြန့်မှုကို ပြသတယ်လို့ အမေရိကန်သမ္မတဘုရှ်က ပြောဆိုပါတယ်။

“ကျနော်တို့အနေနဲ့ ပြီးခဲ့တဲ့ ကာလတွေတုံးက ဘယ်နေရာတွေမှာ ပူးတွဲလုပ်ဆောင်နိုင်မယ်၊ သဘောတူညီမှုမရှိတာတွေကို တူညီအောင်ဘယ်လို လုပ်ဆောင်ကြမယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး အထူး ကြိုးကြိုးစားစားလုပ်ဆောင်ခဲ့ကြပါတယ်။”

ဒုံးလက်နက်ကာကွယ်ရေး ကိစ္စကတော့ အထူးတလည် သဘောတူညီမှုမရခဲ့တဲ့ အကြောင်းအရာ ဖြစ်ပါတယ်၊ အမေရိကန်နိုင်ငံက ဥရောပအလယ်ပိုင်းမှာ ဒုံကျဉ်ကာကွယ်ရေး စံနစ်တခု တည် ဆောက်ဖို့ အဆိုပြုထားတာကို ရုရှားက ကန့်ကွက်နေတာဖြစ်ပါတယ်။

ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကတော့ ပိုလန်နိုင်ငံမှာ ကြားဖြတ်တိုက်လေယဉ်တွေ ထားရှိဘို့နဲ့ ချက်ရီပါ့ဘလစ်မှာ ရေဒါ နည်းစံနစ်တွေတပ်ဆင်အသုံးပြုဘို့စီမံကိန်းတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ ထင်မြင်ယူဆချက်တွေအပေါ် အမေရိကန် နိုင်ငံအနေနဲ့ နားလည်လိမ့်မယ်လို့ယူဆပါတယ်လို့ စကားပြန်နဲ့ ပြောဆိုခဲ့ပါတယ်၊

“နှစ်ဦးနှစ်ဘက်သဘောတူညီမှုတွေ နဲ့ပတ်သက်လို့ တချို့ စိုးရိမ်ပူပန်မှုတွေကိုတော့ အကောင်းဘက်ကမြင်စေချင်ပါတယ်၊ ဒါကလည်း ဖြစ်နိုင်တယ်လို့ ယုံကြည်ပါတယ်၊ လို့ ပြောဆိုသွားတာပါ။”

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ အဖြေထွက်ဘို့တော့ နှစ်ဦးနှစ်ဘက် ကြိုးပမ်းနေကြပါတယ်၊ ဆိုချီမှာ အကြမ်းဖျဉ်းဘောင်တွေလည်း ချမှတ်နိုင်ခဲ့ကြပါတယ် လို့ သမ္မတဘုရှ်က ဆိုပါတယ်၊ ဆွေးနွေးပွဲ အတွင်း နောက်တက်လာမဲ့ ခေါင်းဆောင်တွေအတွက် ဆုံးဖြတ်ချမှတ်ခဲ့တာတွေကို ပြောဆိုဘို့ သတင်းထောက် တွေရဲ့ မေးမြန်းချက်ကိုတော့ သမ္မတဘုရှ်က သူတို့အတွက် အရေးပါတဲ့ ကိစ္စတွေ ဖြစ်တာကြောင့် ဖြေကြားဘို့ မဖြစ်နိုင်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

ရုရှသမ္မတပူတင်ဟာ ရှေ့လအတွင်းမှာ သမ္မတရာထူးကနေ ဖယ်ရှားပေးရမှာဖြစ်ပြီး သမတဘွရှ် ကတော့ ရှေ့နှစ် ဇန္နဝါရီလမှာ သမ္မတသက်တမ်းပြီးဆုံးမှာဖြစ်ပါတယ်ရှင်။

XS
SM
MD
LG