သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုလံပစ်မီးရှူးတိုင် ကန့်ကွက်သူတွေကြောင့် ခေတ္တမီးငြိမ်းခံရ


ပြင်သစ်နိုင်ငံ ပါရီမြို့က အိုလံပစ်မီးရှူးတိုင် သယ်ယူ
ရာ လမ်းတလျှောက်မှာ လူ့အခွင့်အရေးလှုပ်ရှားသူ
တွေက အင်တိုက်အားတိုက် ကန့်ကွက်ခဲ့ကြလို့
မီးရှူးတိုင်ကို မီးငြှိမ်းသတ်ခဲ့ရပြီး အာဏာပိုင်များက
ဘတ်စ်ကားနဲ့ ဆက်ပြီးသယ်ခဲ့ရပါတယ်။

တိဘက်ဒေသမှာ မကြာသေးခင်က မငြိမ်မသက်
ဖြစ်မှုကြောင့် ပင်လယ်ရပ်ခြားမှာ အိုလံပစ်မီးရှူးတိုင် လက်ဆင့်ကမ်းသယ်ဆောင်မှုကို ပစ်မှတ်ထား
ကန့်ကွက်နေကြလို့ တိဘက်ဒေသအခြေအနေကို
ငြိမ်းချမ်းစွာ၊ လျှင်မြန်စွာ ဖြေရှင်းပါလို့ အပြည်ပြည်
ဆိုင်ရာ အိုလံပစ်ကော်မတီ (အိုင်အိုစီ) ဥက္ကဋ္ဌက
တရုတ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ဒီနေ့ ဘေဂျင်းမှာဖွင့်လှစ်လိုက်တဲ့ အမျိုးသားအိုလံပစ်အသင်း အကြီးအကဲများရဲ့
အစည်းအဝေးမှာ အိုင်အိုစီဥက္ကဋ္ဌ Jacques Rogge က ဘာအကြောင်းနဲ့မှတော့
အိုလံပစ်မီးရှူးတိုင် သယ်ဆောင်မှုနဲ့ အိုလံပစ်ပွဲတော်ကို မထိခိုက်စေသင့်ဘူးလို့ ပြောဆို
သွားပါတယ်။

ဘေဂျင်းအိုလံပစ်ပွဲကို သပိတ်မှောက်ကြဖို့ တိုက်တွန်းနေကြပေမယ့် သပိတ်မှောက် ဖြစ်သွားမယ့်အထိတော့ အရှိန်မြင့်တက်လာတာ မတွေ့ရဘူး၊ ဒါပေမယ့် အိုလံပစ်မီးရှူး
တိုင် သယ်ဆောင်မှုပျက်မှာတော့ စိုးရိမ်စရာတွေ ရှိနေပြီလို့ အိုင်အိုစီဥက္ကဋ္ဌက သတိပေးပြောဆိုပါတယ်။

တနင်္ဂနွေနေ့မှာ တိဘက်ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားက ဆူပူမှုရှောင်
ကာ ထိန်းထိန်းသိမ်းသိမ်းလုပ်ကြပါ၊ သူ့စကားအရ တရုတ်တွေရဲ့စိတ်ထဲမှာ မုန်းသွား
စေနိုင်မယ့် လုပ်ဆောင်မှုတွေကို ရှောင်ကြပါလို့ ကမ္ဘာတဝန်းရှိ တိဘက်များကို ပန်ကြား
ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG