သုံးရလွယ်ကူစေသည့် Link များ

တိဘက်တို့ အကြမ်းဖက်မှုရပ်ဆိုင်းရန် ဒလိုင်းလားမား နှိုးဆော်


တိဘက် ဒေသအတွင်း က ပြည်သူတွေ နဲ့ ပြည်ပရောက်နေတဲ့ တိဘက် ပြည်သူတွေကို အကြမ်းဖက်တာ ရှောင်ကြဖို့ ဘုန်းတော်ကြီး ဒလိုင်းလားမား က မေတ္တာရပ်ခံလိုက်ပါတယ်။ သူ့ စကားအတိုင်းပြောရရင် “တရုတ်ပြည်သူတွေ စိတ်ထဲမှာ အမုန်းတွေ ပွါးစေမယ့်” လုပ်ရပ်တွေကို ရှောင်ကြဖို့ ပြောခဲ့ပါတယ်။

ဘေဂျင်း အိုလံပစ်ပွဲတော်ကို နှောင့်နှေးအောင် လုပ်တာဟာ အကျိုးရလာဒ် မရနိုင်သလို၊ အထောက်အကူလည်း ပြုမှာမဟုတ်ဘူးလို့ ဘုန်းတော်ကြီး ဒလိုင်းလားမား က အိန္ဒိယပြည်မှာ ပြောကြားခဲ့ပါတယ်။

တကယ်လို့ တရုတ်အာဏာပိုင်တွေက နှိမ်နင်းတာတွေ ကို ရပ်ပြီး၊ လက်နက်ကိုင်တပ်တွေကို တိဘက် က ရုတ်သွားမယ်ဆိုရင်၊ တိဘက်ပြည်သူတွေ ကန့်ကွက်ဆန္ဒပြနေတာတွေကို ရပ်ဖို့ သူ ပြောမယ်လို့ ဒလိုင်းလားမား က ဆိုပါတယ်။ ဒါပေမဲ့ တရုတ် အစိုးရက စွပ်စွဲထားသလို တိဘက် အဝေးရောက် အစိုးရက ဆူပူအောင် လုပ်တယ်ဆိုတာကိုတော့ ဘုန်းတော်ကြီး ဒလိုင်းလားမားက ငြင်းဆိုခဲ့ ပါတယ်။

တိဘက်မှာ ဖြစ်ခဲ့တဲ့ ကန့်ကွက်ဆန္ဒပြပွဲတွေ နဲ့ တရုတ်အစိုးရ တုန့်ပြန်ပုံကို သီးခြား လွတ်လပ်တဲ့အဖွဲ့ နဲ့ စုံစမ်းစစ်ဆေးဖို့ ဒလိုင်းလားမား က တောင်းဆိုလိုက်ပါတယ်။

အနောက်နိုင်ငံ အစိုးရများစွာနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေက သူ့ အဆိုပြုချက်ကို ထောက်ခံထားကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG