သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးမှတ်တမ်း တိုးတက်အောင်လုပ်ဖို့ အိုင်အိုစီဥက္ကဋ္ဌ တရုတ်ကိုတိုက်တွန်း


ဘေဂျင်းအိုလံပစ်မီးရှူးတိုင် နိုင်ငံတကာကို သယ်ဆောင်တဲ့နေရာမှာ ဆန့်ကျင်ကန့်ကွက်ရေး ဆန္ဒပြပွဲများကြောင့် ပြဿနာတက်နေရာကနေ ဘေဂျင်းအိုလံပစ် အခြေအနေ ပြန်လည်ကောင်း
မွန် လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း အိုင်အိုစီ
ဥက္ကဋ္ဌက ပြောဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (အိုင်အိုစီ) အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ဒီနေ့ ဘေဂျင်းမှာကျင်းပနေစဉ် အိုင်အိုစီဥက္ကဋ္ဌ Jacques
Rogge က အဲဒီ အိုလံပစ်မီးရှူးတိုင် သယ်ဆောင်တဲ့
နေရာမှာ လန်ဒန်နဲ့ ပါရီမြို့တို့မှာ ရုတ်ရုတ်သဲသဲ
ဖြစ်ရတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်၊ ဒါပေမယ့် ဆန်ဖရန်စစ္စကိုက အခြေအနေ
ကတော့ နည်းနည်းပိုကောင်းလာတယ်လို့ ပြောဆိုပါတယ်။

အိုင်အိုစီအဖွဲ့အနေနဲ့ ၁၉၇၂ ခုနှစ် မြူးနစ်အိုလံပစ်မှာ အစ္စရေးအားကစားသမားများ အသတ်ခံရတဲ့ကိစ္စမျိုး၊ ၁၉၈၀ ခုလွန်နှစ်များ အိုလံပစ်ပွဲများကို သပိတ်မှောက်တဲ့ကိစ္စ
မျိုးနဲ့ ကြုံခဲ့ရတယ်လို့ ထောက်ပြပြီး အိုင်အိုစီဥက္ကဋ္ဌ Rogge က ဘေဂျင်းအိုလံပစ်မတိုင်
ခင် လူ့အခွင့်အရေးမှတ်တမ်း တိုးတက်အောင်လုပ်ပါ့မယ်ဆိုတဲ့ ကတိအတိုင်း
လုပ်ဆောင်ပါလို့ တရုတ်အစိုးရကို တိုက်တွန်းသွားပါတယ်။

တရုတ်အစိုးရ နိုင်ငံခြားရေးဌာနကတော့ အိုင်အိုစီအနေနဲ့ ဘေဂျင်းအိုလံပစ်ထဲကို
နိုင်ငံရေး ဆွဲမထည့်ပါနဲ့၊ ပြဿနာက သိပ်ပြီးကြီးကျယ်တာ မဟုတ်ပါဘူးလို့ တရုတ်
အစိုးရက လူ့အခွင့်အရေးကိစ္စကို ဆွေးနွေးမှာမဟုတ်ဘူးလို့ တုံ့ပြန်ပြောဆိုပါတယ်။

လာမယ့်ဘေဂျင်းအိုလံပစ်ပြိုင်ပွဲကို တိုက်ခိုက်ဖို့ စီမံကိန်းချထားတဲ့ အကြမ်းဖက်သမား
အုပ်စုနှစ်စုကို ဖြိုခွဲခဲ့ကြောင်း တရုတ်အာဏာပိုင်တွေက ပြောကြားပါတယ်။ အနောက်
ပိုင်း ဇင်ကျန်းဒေသက သံသယရှိသူ ၄၅ ယောက်ကို ဇန်နဝါရီလနဲ့ ဧပြီလအတွင်း ထိန်းသိမ်းထားခဲ့တယ်လို့ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုပါ
တယ်။

အဲဒီဒေသမှာ မွတ်ဆလင် ယူအီဂါလူမျိုးတွေ နေထိုင်ကြပါတယ်။ ဝေဖန်သူတွေက မွတ်ဆလင်လူနည်းစုတွေအပေါ် တရုတ်အစိုးရက ဖိနှိပ်တာကို ထောက်ပြကြပါတယ်။ အကြမ်းဖက်ဂိုဏ်းက အားကစားသမားတွေ၊ နိုင်ငံခြားသတင်းထောက်တွေနဲ့ အခြား
ဧည့်သည်တွေကို ပြန်ပေးဆွဲဖို့ စီစဉ်ထားတယ်လို့ တရုတ်အစိုးရက ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG