သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုလံပစ်မီးရှုးတိုင် ဆန်ဖရန်စစ္စကိုခရီး လုံခြုံရေးအထူးတင်းကျပ်


အိုလံပစ် မီးရှူးတိုင်ကို ဗုဒ္ဓဟူးနေ့က အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကို မြို့တွင်း ဖြတ်သန်းသယ်ဆောင်ရာမှာ လုံခြုံရေးကို ထူထပ်စွာ ချထားခဲ့ကြရပါတယ်။ ပီကင်းကို နောက်ဆုံးရောက်ရှိသွားမယ့် မီးရှူးတိုင် သယ်ဆောင်ရာမှာ ပရမ်းပတာ ဆန္ဒပြပွဲတွေနဲ့ ကြုံနှင့်ရပြီဖြစ်တဲ့အတွက် နောက်ထပ် ဆန္ဒပြပွဲတွေ မကြုံနိုင်အောင် အထူးရဲတပ်ဖွဲ့ SWEAT အဖွဲ့ကို ချထားခြင်းဖြစ်ပါတယ်။

မီးရှူးတိုင် သယ်ဆောင်ရာမှာ ဆန်ဖရန်စစ္စကို မြို့က အာဏာပိုင်တွေဟာ လမ်းကြောင်းခရီးကို တဝက်နည်းပါး ဖြတ်ချလိုက်ပြီး မူလ လမ်းကြောင်းကိုလည်း ပြောင်းလဲလိုက်ပါတယ်။ နောက်ထပ် ပြောင်းလဲတာကတော့ မီးရှူးတိုင် ရပ်နားမယ့် ညအိပ် အခန်းအနားအစီအစဉ်ကို မူလစီစဉ်ထားတဲ့ ဆန်ဖရန်စစ္စကိုမြို့ ကမ်းစပ်နေရာကနေ ဖြတ်သိမ်းလိုက်ခြင်းဖြစ်ပါတယ်။ နောက်ထပ် ကျင်းပမယ့် အခန်းအနားသစ်နေရာကို ဖွင့်ပြောခြင်းမရှိပါဘူး။

အဝေးရောက်တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမား ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ဖို့ရာ အမေရိကန် သမ္မတက တရုတ်ပြည်ကို တိုက်တွန်းလိုက် ပါတယ်။ ဒလိုင်းလားမား ဘုန်းတော်ကြီးဟာ အကြမ်းမဖက်တဲ့ ငြိမ်းချမ်းရေးသမား ဖြစ်တယ်လို့ သမ္မတ ဘုရှ်က ပြောကြားပြီး ဒလိုင်းလားမားနဲ့ တွေ့ဆုံဆွေးနွေးတဲ့ အခါမှာ တရုတ်အစိုးရအတွက် ကောင်းသော ရောင်ပြန်ဟပ်မှုကို ရရှိလိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG