သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇူလိုင်လနောက်ပိုင်း အီရတ်ကတပ်တွေ ရုပ်သိမ်းရေး အကန့်အသတ်မရှိ သမ္မတဘုရှ် ဆိုင်းငံ့


အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ် (George
W.Bush) က သူ့ရဲ့ အီရတ်စစ်ပွဲဆိုင်ရာ မူဝါဒကို
ခုခံကာကွယ်တဲ့ အဓိကမိန့်ခွန်းတရပ်ကို ပြောကြား
လိုက်ပါတယ်။ ပြောကြားရာမှာ ဇူလိုင်လ
နောက်ပိုင်း အမေရိကန်တပ်တွေ အီရတ်က
ရုပ်သိမ်းရေးကို ရက်အကန့်အသတ်မရှိ ဆိုင်းငံ့
ထားဖို့ သူအမိန့်ပေးလိုက်တယ်လို့ ဆိုပါတယ်။

ကြာသပတေးနေ့က သမ္မတဘုရှ်က အိမ်ဖြူတော်
မှာ ပြောကြားရာမှာ အီရတ်မှာရှိတဲ့ ထိပ်တန်း အမေရိကန်တပ်မှူးကြီးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ဒေးဗစ် ပက်ထရီယော့စ် (David Petraeus) ရဲ့ အကြံပြု
ချက်ကို သူထောက်ခံပါတယ်လို့ ပြောကြားပါတယ်။

ဗိုလ်ချုပ်ကြီး ပက်ထရီယော့စ်ဟာ တပ်တွေကို
ပြန်စုစည်းဖို့နဲ့ အဲဒီလိုလျှော့ချပြီးတဲ့နောက်ပိုင်း အမေရိကန်တပ်တွေရဲ့ အနေအထား
ဟာ မြေပြင်တိုက်ပွဲမှာ ဘယ်လိုသက်ရောက်မှုရှိတယ်ဆိုတာကို သူအချိန်လိုတယ်လို့ ပြောကြားထားပါတယ်။

“ကျနော်ကတော့ သူ့ကိုပြောပြီးပါပြီ။ အချိန်လိုသလောက်ရမယ်” လို့ သမ္မတဘုရှ်က ပြောကြားခြင်းဖြစ်ပါတယ်။ အဲဒီသဘောကတော့ နိုဝင်ဘာလမှာ သမ္မတသစ် ရွေးကောက်တင်မြှောက်ပွဲ ကျင်းပပြီးတဲ့နောက်ပိုင်း အီရတ်မှာ အမေရိကန် မြေပြင်
တပ်အင်အား တသိန်းလေးသောင်းရှိဦးမယ့် အလားအလာဖြစ်ပါတယ်။

သမ္မတဘုရှ်က လွန်ခဲ့တဲ့ ၁၅ လက အီရတ်နိုင်ငံမှာ အမေရိကန်တပ်တွေ တိုးလိုက်ခြင်း
ဟာ အီရတ်လုံခြုံရေး အလားအလာအတွက် ကောင်းမြတ်ပါတယ်လို့လည်း ပြောကြား
လိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG