သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးကော်မတီ ကြားနာပွဲ စစ်အစိုးရ ဖွဲ့စည်းပုံကို ကန့်ကွက်ဖို့ သံဃာတော်တွေ မိန့်ကြား


မြန်မာစစ်အစိုးရဟာ ပြည်သူလူထုရဲ့ အသက်ရှင်
ရပ်တည်ရေးနဲ့ စားဝတ်နေရေးအရ ရပ်တည်နိုင်မှု
တွေကိုပါ ထိခိုက်အောင် လုပ်နေတယ်လို့ အမေရိ
ကန် အရာရှိတွေက ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့
နှစ် စက်တင်ဘာ သံဃာ့လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ သံဃာတော်သုံးပါးက အမေရိကန် အထက်
လွှတ်တော် လူ့အခွင့်ရေးရာကော်မတီရဲ့ ကြားနာပွဲ
မှာ သူတို့ရဲ့အတွေ့အကြုံတွေကို မနေ့က ထွက်ဆိုခဲ့
ကြပြီး အမေရိကန် အရာရှိတွေက အခုလို ပြောဆို
လိုက်တာ ဖြစ်ပါတယ်။ စစ်အစိုးရက ရေးဆွဲနေတဲ့
ဖွဲ့စည်းပုံကို ဆန့်ကျင်ကန့်ကွက်ဖို့လည်း သံဃာ
တော်တွေက တိုက်တွန်းလိုက်ပါတယ်။ အသေး
စိတ်ကို ဗွီအိုအေသတင်းထောက် ဆင်ဒီ ဆိန်း
(Cindy Saine) သတင်းပေးပို့ထားတာကို
ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

သံဃာတော်တွေ ဦးဆောင်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေး ခြောက်လကျော်ကြာလာ
တဲ့အချိန် မနေ့က အမေရိကန် ကွန်ဂရက်စ်လွှတ်တော် လူ့အခွင့်ရေးရာအဖွဲ့ရှေ့မှောက်
ကြားနာပွဲမှာ ဆရာတော် ဦးကောဝိဋ္ဌ၊ ဦးဂေါသိတနဲ့၊ ဦးပညာသီရိတို့ မနေ့က သက်သေထွက်ဆိုပါတယ်။ စစ်အစိုးရ ရေးဆွဲနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့အကြောင်း မိန့်ကြားခဲ့တာပါ။

ဒီမိုကရက်ပါတီက ကွန်ဂရက်စ်လွှတ်တော်အမတ် ဒန်းနစ် ကူဆင်နစ်ရှ် (Dennis
Kucinich) က မြန်မာစစ်အစိုးရဟာ သာမန်ပြည်သူတွေရဲ့ အသက်ရှင် ရပ်တည်နေထိုင်
နိုင်မှုကိုပါ ထိခိုက်အောင်လုပ်နေတယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံအတွင်း ပြီးခဲ့တဲ့နှစ်က ဓာတ်ဆီ၊ လောင်စာဆီဈေးတွေ အဆမတန်တက်ခဲ့
တာ ကျနော်တို့ တွေ့ရပါတယ်။ သဘာဝဓာတ်ငွေ့ လောင်စာတွေ ဈေးတွေ အဆမတန်
တက်ခဲ့တာပါ။ မြန်မာပြည်သူတွေကို စစ်အစိုးရက ငွေကြေးအရရော၊ စီးပွားရေးအရ
ရပ်တည်နိုင်တဲ့ အနေအထားတွေကိုပါ ထိခိုက်အောင်လုပ်နေခဲ့တာပါ။”

လူ့အခွင့်အရေး ကြားနာပွဲမှာ သက်သေထွက်ဆိုတဲ့ သံဃာတော်တွေက မြန်မာပြည်သူ
တွေဟာ စီးပွားရေးအကျပ်အတည်းတွေအပြင် စစ်အစိုးရရဲ့ ဖိနှိပ်မှုဒဏ်တွေကိုပါ
ဆိုးဆိုးဝါးဝါး ခါးဆီးခံနေရတယ်လို့ ပြောဆိုပါတယ်။ သက်သေထွက်ဆိုတဲ့ ဆရာတော်
ဦးဂေါသိတက ပြီးခဲ့တဲ့နှစ် စက်တင်ဘာ သံဃာ့လှုပ်ရှားမှုကြီးအတွင်းမှာ သံဃာတော်
အပါး ၂၀၀ လောက် အသတ်ခံခဲ့ရတဲ့အကြောင်းနဲ့ ၇၀၀၀ လောက် ဖမ်းဆီးခံခဲ့ရတဲ့
အကြောင်း ဆရာတော်က လူ့အခွင့်အရေးကော်မရှင် ရှေ့မှောက်မှာ မိန့်ကြားသွားတာ
ပါ။ သူကိုယ်တိုင် သူ့ခေါင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရိုက်တာကို ခံခဲ့ရတယ်လို့ ပြောပါ
တယ်။ သံဃာတော်တွေက အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာစစ်အစိုးရအပေါ် လက်ရှိအနေအထားထက် ပိုပြီးပြင်းထန်တဲ့ အရေးယူမှုတွေ ပြဋ္ဌာန်းဖို့လည်း တိုက်တွန်း
ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG