သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရ ဖွဲ့စည်းပုံမှာ ကြီးမားတဲ့ မှားယွင်းမှုတွေ ရှိနေ၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဝေဖန်


မြန်မာနိုင်ငံမှာ စစ်အစိုးရ ရေးဆွဲနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ စစ်မှန်တဲ့အပြောင်းအလဲတွေ ပေါ်ပေါက်လာဖို့အတွက် မျှော်လင့်ချက် သိပ်မရှိတဲ့
အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန
က မနေ့က ပြောဆိုပါတယ်။ စစ်အစိုးရက လာမယ့်
မေလ ၁၀ ရက်နေ့မှာ ဖွဲ့စည်းပုံနဲ့ပတ်သက်လို့ လူထု ဆန္ဒခံယူပွဲကျင်းပဖို့ စီစဉ်ထားတာပါ။ ဖွဲ့စည်းပုံအရ
တိုင်းပြည်ရဲ့ အဓိကအာဏာကို စစ်တပ်ကသာ ချုပ်ကိုင်ထားပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနက
နေ ဒေးဗစ် ဂေါလပ်စ်တ် (David Gollust) သတင်း ပေးပို့ထားတာကို မအေးသန္တာကျော်က တင်ပြပေး
ထားပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ စစ်အစိုးရက ရေးဆွဲနေတဲ့ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့
ပြင်းပြင်းထန်ထန် ဝေဖန်တဲ့နိုင်ငံ ဖြစ်ပါတယ်။ ဒီဖွဲ့စည်းပုံမှာ အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းတွေကို စစ်တပ်က ပါဝင်ရေးဆွဲခွင့် မပေးခဲ့ဘူးဆိုပြီး ဝေဖန်ပြောဆိုခဲ့တာ
ပါ။

စစ်အစိုးရက နှစ်ပေါင်းများစွာ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံဟာ ဒီမိုကရေစီအပြောင်းအလဲကို မျှော်လင့်တဲ့သူတွေအတွက် မဖြစ်စလောက်ဘဲ မျှော်လင့်နိုင်တယ်ဆိုပြီး အခု အမေ
ရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ကပဲ မြန်မာစစ်အစိုးရက စာမျက်နှာ ၂၀၀ နီးပါးရှိတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ
ကို ထုတ်ပြန်လိုက်ပါတယ်။ ဒီအခြေခံဥပဒေအရ စစ်တပ်က ပါလီမန်လွှတ်တော်ရဲ့
အမတ်နေရာ ၂၅% ကို စစ်တပ်က ရယူထားပါတယ်။ စစ်အစိုးရအနေနဲ့ ဖွဲ့စည်းပုံ
အခြေခံဥပဒေကို သူတို့ရပ်ဆိုင်းချင်တဲ့အချိန် ရပ်ဆိုင်းနိုင်ခွင့်လည်း စစ်တပ်က ရယူ
ထားပါတယ်။ ဖွဲ့စည်းပုံအရ နိုင်ငံခြားသားနဲ့ လက်ထပ်ထားတဲ့သူတွေကို ရွေးကောက်ပွဲ
မှာ ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားပါတယ်။ ဒီအချက်က ဒေါ်အောင်ဆန်းစုကြည်ကို
ရည်ရွယ်ပြီး ထည့်သွင်းထားတာဖြစ်ပါတယ်။

မနေ့ကသတင်းစာရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်
ရှိသူ ရှောင်မက်ကော်မက်ခ်က (Sean McCormack) က အမေရိကန်အရာရှိတွေအနေ
နဲ့ ဖွဲ့စည်းပုံနဲ့ပတ်သက်လို့ ပဏာမ လေ့လာတာလောက်ပဲ လုပ်ရသေးတယ်လို့ ပြောပါ
တယ်။ ဒါပေမယ့်လည်း ပထမပိုင်း အကြမ်းဖျဉ်းဖတ်ကြည့်သလောက် တွေ့ရတဲ့အချက်
တွေက သိပ်ကို အလေးအနက် သတိထားရမယ့်အချက်တွေ ရှိနေတယ်လို့ ပြောပါ
တယ်။

ပထမ အကြမ်းဖျဉ်း လေ့လာကြည့်တဲ့အချက်အရ လက်ရှိ စစ်အစိုးရ အုပ်ချုပ်ရေးကိုပဲ သက်တမ်းကြာအောင်လုပ်မယ့် ဖွဲ့စည်းပုံဆိုတာ သိသာပါတယ်။ မြန်မာနိုင်ငံအတွင်းက ဒီမိုကရေစီအင်အားစုတွေနဲ့ ပွင့်လင်းတဲ့၊ လေးနက်တဲ့ ခြေခြေမြစ်မြစ် တွေ့ဆုံဆွေးနွေး
တာမျိုးကို ဘာမှမရှိပါဘူး၊ နိုင်ငံတကာမိသားစုက တောင်းဆိုတာတွေ၊ ဒေါ်အောင်ဆန်း
စုကြည်က တောင်းဆိုထားတဲ့ အချက်တွေမျိုးကိုလည်း ဆွေးနွေးထည့်သွင်းတာမျိုးမရှိ
ပါဘူး၊ ပထမ အကြမ်းဖျဉ်း လေ့လာကြည့်ရသလောက် တွေ့ရတာကိုကပဲ မြန်မာနိုင်ငံ
မှာ စစ်မှန်တဲ့ ဒီမိုကရေစီ ပြောင်းလဲရေးအတွက် သိပ်ပြီး မျှော်လင့်လို့မရတဲ့ အခြေ
အနေဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့က သမ္မတဘုရှ်က မြန်မာနိုင်ငံအတွင်း နိုင်ငံရေးဖြစ်စဉ်တွေအပေါ်မှာ သူ့
အနေနဲ့ စိတ်ပျက်မိတဲ့အကြောင်း ပြောဆိုပါတယ်။ စစ်အစိုးရအနေနဲ့ သူ့ပြည်သူတွေ
ကို ကြောက်ရွံ့နေတာမျိုးတွေ မဖြစ်သင့်ဘူးလို့ ပြောပါတယ်။

မြန်မာစစ်အစိုးရကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ဟာ
နိုင်ငံခြားသံရုံးတွေရဲ့ ညွှန်ကြားချက်တွေကို လိုက်လုပ်နေတယ်လို့ မနေ့က စွပ်စွဲလိုက်
ပါတယ်။ ပြည်ပသံရုံးတွေဟာ မြန်မာနိုင်ငံ မတည်မငြိမ်ဖြစ်အောင် လုပ်နေတယ်လို့
လည်း စစ်အစိုးရက ပြောပါတယ်။

ဒီလို ပြည်ပကဝင်ပြီး စွက်ဖက်ချယ်လှယ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရှောင်မက်ကော်မက်ခ်က
ဒါဟာ လူတွေကို လိမ်လည်တဲ့ လုပ်ကြံဝါဒဖြန့်မှုတခုသာ ဖြစ်ပါတယ်လို့ တုံ့ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ကြိုးပမ်းနေ
တဲ့သူ မျိုးချစ်တွေဟာ မြန်မာနိုင်ငံကို နိုင်ငံတကာ အသိုင်းအဝိုင်းက အာရုံမစူးစိုက်ခင်
ကတည်းက တိုင်းပြည်ကောင်းကျိုးအတွက် ဆောင်ရွက်နေသူတွေဖြစ်တယ်လို့လည်း
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရှောင်မက်ကော်မက်ခ်က ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG