သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇင်ဘာဘွေမှာ တင်းမာမှုတွေ တိုးလာနေ၊ လူထုစုဝေးပွဲတွေ ပိတ်ပင်ခံရ


ဇင်ဘာဘွေနိုင်ငံမှာ နိုင်ငံရေး တင်းမာမှုတွေ တိုးလာနေပါတယ်။ အာဏာပိုင်တွေက နိုင်ငံရေးနဲ့ပတ်သက်တဲ့ လူထု စုဝေးပွဲတွေ အားလုံးကို ပိတ်ပင်တားမြစ်လိုက်ပြီး အတိုက်အခံကလည်း သမ္မတ ရွေးကောက်ပွဲ ရလဒ်တွေ မထုတ်ပြန်တဲ့အတွက် ကန့်ကွက်တဲ့အနေနဲ့ အထွေထွေ သပိတ်ကြီးမှောက်ဖို့ လူထုကို တောင်းဆိုထားပါတယ်။

သောကြာနေ့က ရဲက လူထု စုဝေးပွဲတွေကို ပိတ်တဲ့အကြောင်းနဲ့ ဒီအမိန့်ဟာ ချက်ချင်း အာဏာ တည်မယ့်အကြောင်း ကြေညာပါတယ်။ အတိုက်အခံ MDC ပါတီက စနေနေ့မှာ လူထု စုဝေးပွဲ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။ MDC ပါတီက ဒီအတောအတွင်းမှာ သမ္မတ ရွေးကောက်ပွဲ ရလဒ်တွေကို ထုတ်ပြန်ကြေညာပေးဖို့ အင်္ဂါနေ့က စပြီး အထွေထွေ သပိတ်ကြီးမှောက်ပြီး တောင်းဆိုမယ်လို့ ဆိုပါတယ်။

MDC ပါတီက သူတို့ရဲ့ ခေါင်းဆောင် မော်ဂန်ရှန်ဂရိုင်း ဟာ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ် ရွေးကောက်ပွဲမှာ သမ္မတ မူဂါဘီကို အနိုင်ရရှိတဲ့အကြောင်း သံသယ ဖြစ်စရာ မလိုတဲ့အကြောင်းနဲ့ နောက်တကြော့ ရွေးကောက်ပွဲ ပြုလုပ်ရင် မစ္စတာ ရှန်ဂရိုင်းဟာ
ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ကြောင်း ပြောပါတယ်။

အာဖရိကတောင်ပိုင်း ဒေသနိုင်ငံများရဲ့ အရေးပေါ် ထိပ်သီးညီလာခံကို မစ္စတာ မူဂါဘီနဲ့ မစ္စတာ ရှန်ဂရိုင်းတို့ တက်ရောက်မယ်လို့ မျှော်လင့်ထားရပေမယ့် မစ္စတာ မူဂါဘီက သူ့ကိုယ်စား အစိုးရဝန်ကြီး ၃ ဦးကို စေလွှတ်မယ်လို့ ဇင်ဘာဘွေ အစိုးရ မီဒီယာသတင်းက ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG