သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒခံယူပွဲ မတိုင်ခင် စစ်အစိုးရဖက်က ခြိမ်းခြောက်မှုတွေ ရှိနေ


မြန်မာနိုင်ငံ စစ်အစိုးရဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း အတည်ပြုရေးအတွက် ပြုလုပ်တဲ့ ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပရေး အကြိုကာလမှာ အနှောက်အယှက်ပေးမှု၊ ခြိမ်းခြောက်မှု လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေတယ်လို့ အဲန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောကြားပါတယ်။

စစ်အစိုးရဟာ ကန့်သတ်ချက်များ မထားရှိဘဲ ဗြောင်ကျကျ မဲဆွယ်မှုလုပ်ငန်းများကို လုပ်ဆောင်နေတဲ့အကြောင်း၊ ဒါပေမယ့် အတိုက်အခံအဖွဲ့နဲ့ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူတွေကိုတော့ မဲဆွယ်နိုင်ခွင့်ကို မပေးဘဲ ဟန့်တားထားတဲ့အကြောင်း အဲန်အယ်လ်ဒီ အဖွဲ့ချုပ်က ပြောကြားပါတယ်။

အဲန်အယ်လ်ဒီ ပါတီဝင်တွေဟာ ကိုယ်ထိလက်ရောက် ရိုက်နှက်ခံရတဲ့ အန္တရာယ်တွေနဲ့ ကြုံတွေ့နေရတဲ့အကြောင်း ပြောပြီး ပြည်သူ့ဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲ ပေးကြဖို့ အဲန်အယ်လ်ဒီ အဖွဲ့ချုပ်က တိုက်တွန်းထားပါတယ်။

မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံအားပေးတဲ့ အလှည့်ကျ အာဆီယံအဖွဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနခွဲက ပြောခွင့်ရပုဂ္ဂိုလ် ဖြစ်တဲ့ ဒက်ဘီ စတော့ဟတ် က မြန်မာစစ်တပ်ဟာ သူ့ရဲ့ အာဏာ တည်မြဲရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို အတည်ပြုပေးဖို့ ပြည်သူ့ဆန္ဒခံယူပွဲကို ကျင်းပနေခြင်းဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ မေလ ၁၀ ရက်နေ့မှာ ကျင်းပမယ့် ပြည့်သူ့ ဆန္ဒခံယူပွဲမှာ ဘယ်သူမှ ကန့်ကွက်မဲ မပေးနိုင်အောင် ကြီးမားတဲ့ နှိပ်ကွက်မှုတစ်ရပ်ကိုလည်း ပြုလုပ်နေတဲ့အကြောင်း ဒက်ဘီ စတော့ဟတ်က ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG