သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ဗလီကျောင်းတခု ဗုံးပေါက်ကွဲ၊ ၉ ဦးသေဆုံး၊ ၁၀၅ ဦး ဒဏ်ရာရ


အီရန်နိုင်ငံတောင်ပိုင်းက ဗလီဝတ်ကျောင်း တခုအတွင်း အင်အားပြင်းထန်တဲ့ ဗုံးပေါက်ကွဲမှုကြောင့် လူ ၉ ဦးသေဆုံးပြီး ၁၀၅ ဦး ဒဏ်ရာရသွားတယ်လို့ အီရန် သတင်းဌာနတွေက ဖော်ပြကြပါတယ်။ တောင်ပိုင်းမြို့ဖြစ်တဲ့ ရှီရက်ဇ်မှာ စနေနေ့က ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

ထင်ရှားတဲ့ ဘာသာရေးဆရာတဦးက ညနေခင်း တရားဟောနေချိန်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ အကြောင်း ဒေသတွင်း တာဝန်ရှိသူတွေကို ကိုးကားပြီး ဖားစ် သတင်းဌာနက ဖော်ပြပါတယ်။ ဒဏ်ရာရသူတချို့ဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတာမို့ သေဆုံးသူဦးရေ တိုးလာဖွယ်ရှိတယ်လို့ သတင်းဌာနက ရေးပါတယ်။

ဘယ်သူကမှ သူတို့လက်ချက်ဖြစ်တယ်ဆိုတာ မပြောသေးသလို ဗုံး ဘယ်လို ပေါက်ကွဲခဲ့တယ် ဆိုတဲ့ အသေးစိတ်တွေကိုလည်း မသိရသေးပါဘူး။ စုံစမ်းစစ်ဆေးတာတွေကိုတော့ လုပ်နေပါပြီ။

ဆော်ဒီအာရေးဘီးယားမှာ အများဆုံး ကျင့်သုံးတဲ့ ဝါဟာဘီဝါဒ လို့ခေါ်တဲ့ အလွန်အကျွံ ရှေးရိုးစွဲပုံစံ ဆွန်နီအစ္စလာမ် အလေ့အကျင့်ကို ဒီဗလီကျောင်းရဲ့ ဘာသာရေးဆရာက ဟောကြားပို့ချတဲ့ အကြောင်း ဖားစ်သတင်းဌာနက ဆိုပါတယ်။ ဘဟာအီး ယုံကြည် ကိုးကွယ်မှုဟာ တရားမဝင် ပိတ်ပင် တားမြစ် ထားတဲ့ ယုံကြည်ကိုးကွယ်မှုတခု ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG