သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နန်းချန်တောင်းနဲ့ မခင်ဥမ္မာတို့ အမျိုးသမီး လူ့အခွင့်အရေးဆု ရရှိ


အစွမ်းထက်တဲ့ အသံများလို့ အဓိပ္ပါယ်ရတဲ့ Vital Voices အမေရိကန် အခြေစိုက် အမျိုးသမီးများ အကျိုးဆောင်အဖွဲ့ကြီးရဲ့ သက္ကရာဇ် ၂၀၀၈ခု နိုင်ငံတကာ ခေါင်းဆောင်များ ဆုရှင်တွေကို ဧပြီလ ၉ရက်နေ့ ဝါရှင်တန်ဒီစီ ကနေဒီ စင်တာမှာ ကျင်းပခဲ့တဲ့ အခမ်းအနားမှာ အမေရိကန် သမ္မတကတော် လော်ရာဘုရှ်၊ အထက်လွှတ်တော်အမတ် ဟီလရီကလင်တန် နဲ့ နာမည်ကြီး ရုပ်ရှင်မင်းသမီး အင်ဂျာလီနာ ဂျိုလီတို့ တက်ရောက် ဂုဏ်ပြုခဲ့ကြပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးနဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရာမှာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြတဲ့ မြန်မာအမျိုးသမီးထုနဲ့အတူ ရှမ်းအမျိုးသမီး လူ့အခွင့်အရေးလှုပ်ရှားသူ နန်းချန်တောင်းနဲ့ မြန်မာအမျိုးသမီး သမဂ္ဂ ဒုဥက္ကဋ္ဌ မခင်ဥမ္မာတို့လည်း ဒီနှစ် ဆုချီးမြှင့်ခံရသူတွေထဲ ပါဝင်ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG