သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုလံပစ်မီးရှူးတိုင် တန်ဇန်းနီးယားတွင် အနှောင့်အယှက်မရှိ ဖြတ်သန်း


၂၀၀၈ ခုနှစ် အိုလံပစ်မီးရှူးတိုင်ဟာ အာဖရိကတိုက်မှာ တခုတည်းသော ခရီးတထောက်ဖြစ်တဲ့ တန်ဇန်းနီးယားနိုင်ငံ၊ ဒါရယ် ဆာလမ်းမ်မြို့ကို ဘာအနှောင့်အယှက်မှမရှိဘဲ ဖြတ်ကျော်သွားခဲ့ပါပြီ။

အိန္ဒိယသမုဒ္ဒရာနိုင်ငံတခုဖြစ်တဲ့ တန်ဇန်းနီးယားမှာ ဒုတိယ သမ္မတ မိုဟာမက်ဒ် ရှိန်းက ဒီကနေ့ မီးရှူးတိုင်ကို မီးထွန်းညှိပေးလိုက်ပြီး ငါးကီလိုမီတာ လက်ဆင့်ကမ်းသယ်ယူပွဲရဲ့ အစအဖြစ် အစိုးရအဖွဲ့ဝန်ကြီး ဆိုင်အိဖ် ခါတိဘ်လက်ထဲ လွှဲပြောင်းပေးလိုက်ပါ တယ်။

ဥရောပနဲ့ အမေရိကန်မြို့တွေမှာ မီးရှူးတိုင်လက်ဆင့်ကမ်း သယ်ယူပွဲတွေကို တိဘက်အရေး ထောက်ခံအားပေးသူတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ကန့်ကွက် ဆန္ဒပြခဲ့ကြပြီးတဲ့နောက် မူလသတ်မှတ်ထားတဲ့ ၂၅ ကီလိုမီတာ လမ်းကြောင်းကို ဒါရယ်ဆာလမ်းမှာ လျှော့ချထားခဲ့ပါတယ်။

တန်ဇန်နီးယားဟာ ဘေဂျင်းအိုလံပစ်ပွဲကို အပြည့်အ၀ ထောက်ခံကြောင်းနဲ့ မီးရှူးတိုင်ကို အိမ်ရှင်အဖြစ် သယ်ယူခွင့်ရတဲ့အတွက် ဂုဏ်ယူပါကြောင်း မစ္စတာရှိန်းက ပြောခဲ့ပါတယ်။

အစောပိုင်းတုန်းကတော့ ကင်ညာနိုင်ငံက နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် နိုင်ငံရေးနဲ့
ပတ်ဝန်းကျင်ရေးရာ လှုပ်ရှားသူ Wangari Maathai ဟာ မီးရှူးတိုင် လက်ဆင့်ကမ်း သယ်ယူမယ့်ပွဲကို သပိတ်မှောက်ခဲ့ပါတယ်။ တိဘက်၊ မြန်မာနဲ့ ဆူဒန် ဒါဖောဒေသတို့မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပဋိပက္ခတွေမှာ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး သူက ထောက်ပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG