သုံးရလွယ်ကူစေသည့် Link များ

ကချင်ပြည်နယ်မှာ ဆန္ဒခံယူပွဲ ကန့်ကွက်ရေး ပိုစတာကပ်


စစ်အစိုးရက ဦးဆောင်ရေးဆွဲတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကန့်ကွက်မဲပေးဖို့ လှုံ့ဆော်
စာတွေ ကချင်ပြည်နယ်က မြို့တွေမှာ လိုက်လံကပ်ခဲ့တာတွေရှိသလို လူထုအကြားမှာ
လည်း ဖြန့်ဝေတာတွေ ရှိနေပါတယ်။ လူထုဆန္ဒခံယူပွဲကျင်းပဖို့ အချိန်နီးကပ်လာချိန်မှာ ဒီလိုစာတွေဖြန့်ချိမှုကလည်း ပိုမိုကျယ်ပြန့်လာနေတာ ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

မနေ့ညက မြစ်ကြီးနားမြို့မှာ ကပ်ခဲ့တဲ့စာတွေဟာ ဖွဲ့စည်းပုံဥပဒေကို ကန့်ကွက်ဖို့
အတွက် ဒီနှစ်အတွင်း ဒုတိယအကြိမ် လှုံ့ဆော်လိုက်တဲ့စာတွေ ဖြစ်ပါတယ်။ ဒီလို စာကပ်တာနဲ့ပတ်သက်ပြီး ကချင်လူငယ်တယောက်က အခုလိုပြောပါတယ်။

“နံပါတ်တစ်အချက်က ကြက်ဆူပင်အကြောင်းပေါ့၊ ကြက်ဆူပင်အလိုမရှိပေါ့။ နံပါတ်
နှစ်က ချီဗွေရေကာတာနဲ့ မြစ်ဆုံရေကာတာ အလိုမရှိ၊ နံပါတ်သုံးက စစ်အစိုးရရေးဆွဲ
ထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ အလိုမရှိပေါ့။ အဲဒါကြောင့် ကန့်ကွက်မဲပေးကြပေါ့။”

ဒီလိုတောင်းဆိုရတာဟာ ကြက်ဆူပင်စိုက်ရတာကြောင့် အချိန်ကုန်လူပန်းဖြစ်ရပြီး ဒေသခံတွေအတွက် အကျိုးမရှိတာကြောင့်နဲ့ ရေကာတာတည်ဆောက်တာဟာ
သဘာဝပတ်ဝန်းကျင် ပျက်ဆီးစေပြီး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေ ဆုံးရှုံး
ရမှာကြောင့်ဖြစ်တယ်။ နောက် မြန်မာအစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တိုင်းရင်း
သားအရေးကို မဖော်ဆောင်တာကြောင့် ကန့်ကွက်ဖို့ တိုက်တွန်းတာဖြစ်တယ်လို့
ပြောပါတယ်။

ဒီစာတွေကို မြစ်ကြီးနားမှာ လျှောက်လွှာစာရွက် အရွက်သုံးရာလောက် ကပ်ခဲ့သလို
ဝိုင်းမော်မြို့မှာလည်း တရာလောက်ကပ်ခဲ့တယ်လို့ ပြောပါတယ်။ မြစ်ကြီးနားမှာ စာတွေလိုက်ကပ်ခဲ့တဲ့နေရာတွေကိုတော့ သူက အခုလိုဆက်ပြောပါတယ်။

“ကျနော်တို့ ဆေးရုံဘက်မှာ၊ ဆေးရုံနံရံတွေမှာ၊ ပြီးတော့ စာသင်ကျောင်းတွေမှာ
ပြီးမှ မနောကွင်းဘေးက အုတ်နံရံတွေ နောက် လမ်းတွေဘေးက အုတ်နံရံတွေမှာ
ကပ်ခဲ့တယ်။ လူထုလက်ထဲကို စာအိတ်ထဲထည့်ပြီး လိုက်ပေးတယ်။ ယူသွားတာပေါ့။
ဖတ်ပြီးမှ သူတို့နားလည်တယ်။ သူတို့သိလာတယ်။ တချို့က မသိတဲ့အခါကျ စာဖတ်
လိုက်တဲ့အခါ သိလာတာပေါ့။”

ဒီလိုစာတွေကို ဗန်းမော်မြို့မှာလည်း ကပ်နေတယ်လို့ ဒေသခံတယောက်က အခုလို
ပြောပါတယ်။

“ဗန်းမော်မှာ စာကပ်တာကတော့ တရက်နှစ်ရက်ပဲ ရှိသေးတယ်။ အဓိကကတော့
စစ်အစိုးရ အလိုမရှိပေါ့။ နောက် သူတို့ရဲ့ Referendum အလိုမရှိပေါ့။ Referendum
နိုးပေါ့။ ပြီးကျ တွေ့ဆုံဆွေးနွေးရေး အမြန်လုပ်ပေးပေါ့။ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေး
ရေးပေါ့။ အဓိကက အဲဒါပဲတောင်းဆိုတာပဲ။ ပြီးတော့ No Dam ပေါ့။ No Dam က
အခု ဧရာဝတီမြစ်မှာလုပ်နေတဲ့ မြစ်ဆုံရေကာတာလေ၊ အဲဒါ စီမံကိန်းအမြန်ဆုံးရပ်
ပေါ့။”

ဒီစာတွေ လူထုကြားမှာလည်း ဖြန့်ဝေတာတွေရှိတယ်လို့လည်း သူက ဆက်ပြောပါ
တယ်။ ဒီလို လူထုဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲပေးဖို့ စာတွေကို လွန်ခဲ့တဲ့လ နောက်ဆုံး
အပတ်ကလည်း မြစ်ကြီးနားက လူစည်ကားရာနေရာတွေမှာ ကပ်ပြီး လှုံ့ဆော်ခဲ့ဖူး
ပါတယ်။

ဒီလိုစာတွေကပ်ခဲ့တဲ့နောက် ဧပြီလဆန်းပိုင်းမှာ မြစ်ကြီးနားက ကချင်လူငယ်တွေနဲ့
ရဲတွေကြားမှာ တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ ဈေးပွဲတော်ကပြန်လာတဲ့ ကချင်ကျောင်းသား ၁၆ ယောက်လောက်ကို ရဲတပ်ဖွဲ့ဝင် ၂၀ လောက်က လေးခွနဲ့ပစ်၊
ရိုက်နှက်ပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အချင်းဖြစ်ပွားပြီး ဖမ်းဆီးခံရတဲ့ ကိုလဆိုင်းနဲ့
ကိုဒွဲလာဆိုသူ လူငယ်နှစ်ယောက်ကို ထောင်ချလိုက်တယ်၊ နောက် အချင်းဖြစ်ပွားရာ
မှာ ကျောင်းသား ၁၄ ယောက်လောက်ကတော့ တိမ်းရှောင်နေတယ်လို့ မြစ်ကြီးနားမြို့
က ကချင်ကျောင်းသားနောက်တဦးက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG