သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီး ကက်သလစ် ဘာသာဝင် လူထုကို ကောင်းချီးပေး


ဝါရှင်တန်မြို့တော်ကို ရောက်ရှိနေတဲ့ ပုပ်ရဟန်း
မင်းကြီးဟာ သောင်းချီတဲ့လူတွေကို ယနေ့
တွေ့ဆုံခဲ့ပါတယ်။ ကက်သလစ်ဘုရားကျောင်း
တွေဟာ လမ်းဆုံလမ်းခွကို ရောက်နေပြီလို့ ပုပ်ရဟန်းမင်းကြီးက ဆိုပါတယ်။ လူတွေက တစိမ်းဆန်လာကြတာ၊ အကြမ်းဖက်မှုတွေ
တိုးလာတာနဲ့ ဘုရားသခင်ကို လူတွေ ပိုလို့ ပိုလို့ မေ့လာကြတာတွေ အပါအဝင် လူ့အဖွဲ့အစည်းရဲ့
အခြေခံ အုတ်မြစ်တွေအတွက် ပုပ်ရဟန်းမင်း
ကြီးက စိုးရိမ်မကင်း ဖြစ်နေပါတယ်။

ဗုဒ္ဓဟူးနေ့က ညနေခင်း ဝတ်ပြုဆုတောင်းပွဲမှာ ကလေးတွေအပေါ် ဘရင်ဂျီဘာသာ ဘုန်းတော်
ကြီးတွေက မတော်မတရားပြုခဲ့တာကို ပုပ်ရဟန်းမင်းကြီးက အပြစ်တင်ခဲ့ပါတယ်။
အဲသလို ဘုန်ကြီးတွေလက်ထဲမှာ မတော်မတရား အပြုခံရသူတွေကို ကူညီကြဖို့ ဘုန်းတော်ကြီးတွေကို ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်ကို လာရောက်လည်ပတ်တဲ့ ပုပ်ရဟန်းမင်းကြီးကို အိမ်ဖြူတော်မှာ
အစောပိုင်း ဗုဒ္ဓဟူးနေ့က တရားဝင်ကြိုဆိုတုန်းကလည်း လူ ၁၀,၀၀၀ လာရောက်စုဝေး
ခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG