သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ဦးဆောင်တဲ့ အကြမ်းဖက်မှုစစ်ပွဲကို ဗြိတိန် ဆက်လက်ထောက်ခံမည်


အမေရိကန်ဦးဆောင်တဲ့ အီရတ်စစ်ပွဲကို
ဆက်ပြီး ထောက်ခံသွားမှာ ဖြစ်တဲ့အကြောင်း
အိမ်ဖြူတော်မှာ အမေရိကန်သမ္မတနဲ့ တွေ့ဆုံတဲ့
ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်း (Gordon
Brown) က ပြောဆိုပါတယ်။

ကမ္ဘာတဝှမ်း အကြမ်းဖက်မှုဆန့်ကျင်တဲ့ စစ်ပွဲကို
သမ္မတဘုရှ်က ဦးဆောင်ခဲ့တဲ့အပေါ်မှာ ကျေးဇူး တင်တဲ့အကြောင်းလည်း ကြာသပတေးနေ့က
ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ
မစ္စတာဘရောင်းက ပြောသွားတာပါ။

အာဖဂန်နစ္စတန်က အကြမ်းဖက်မှုဆန့်ကျင်ရေးတိုက်ပွဲကို ဗြိတိန်အနေနဲ့ ဆက်ပြီး ထောက်ခံသွားမယ်လို့လည်း ဂေါ်ဒွန်ဘရောင်းက ပြောပါတယ်။ အီရတ်နဲ့ အာဖဂန်
နစ္စတန်မှာ စစ်ရေးနဲ့ပတ်သက်တဲ့ အားထုတ်မှုတွေ လုပ်နေသလို စီးပွားရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း အလားတူ အားထုတ်မှုတွေလုပ်ရလိမ့်မယ်လို့ ဗြိတိန်
ဝန်ကြီးချုပ် ဘရောင်းက ပြောပါတယ်။

တိုးတက်နှုန်း နှေးကွေးနေတဲ့ ကမ္ဘာ့စီးပွားရေးအကြောင်း ခေါင်းဆောင်နှစ်ယောက် ဆွေးနွေးခဲ့ကြသလို အကြွေးဆုံး အိမ်ခြံမြေကိစ္စ ငွေကြွေးဖောင်းပွမှုကိစ္စနဲ့ ကမ္ဘာနဲ့
အဝှမ်း အစားအသောက် မလုံလောက်တဲ့ ကိစ္စတွေကို ဖြေရှင်းဖို့ ကိုယ့်နိုင်ငံတွေမှာ ဘာတွေလုပ်ဆောင်နေသလဲဆိုတာကို အမေရိကန်နဲ့ ဗြိတိန်ခေါင်းဆောင်နှစ်ယောက် ဆွေးနွေးခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG