သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်အာဖရိက အလုပ်သမားသမဂ္ဂက ဇင်ဘာဘွေအတွက် လက်နက်တွေ သင်္ဘောပေါ်က မချပေး


ဇင်ဘာဘွေ စစ်တပ်အတွက် တင်ဆောင်လာတဲ့ အဲန်ရွေကျင်း အမည်ရှိတဲ့ တရုတ်ကုန် သင်္ဘောပေါ်က စစ်လက်နက်ပစ္စည်းတွေကို တောင်အာဖရိက ဆိပ်ကမ်းတွေမှာ အတင်အချ လုပ်ပေးမှာမဟုတ်ဘူးလို့ အကြီးဆုံး ပို့ဆောင်ရေးနဲ့ အလုပ်သမားသမဂ္ဂက ဒီကနေ့ ကြေညာလိုက်ပါတယ်။

အခုလို ဇင်ဘာဘွေမှာ နိုင်ငံရေးပြဿနာ တင်းမာနေချိန်မှာ တရုတ်ကနေ ဇင်ဘာဘွေ စစ်တပ် အတွက် တင်ပို့လိုက်တဲ့ စစ်လက်နက်တွေကို တောင်အာဖရိကမှာ ကြားခံထားပြီး အတင်အချ ပြုလုပ်ဖို့ လုံး၀ မသင့်တော်ဘူးလို့ ပို့ဆောင်ရေး အလုပ်သမား သမဂ္ဂကြီးရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ရွန်ဒေါ ဟားဝါးက ပြောဆိုလိုက်ပါတယ်။ တရုတ် ကုန်သင်္ဘောဟာ တောင်အာဖရိက ဒါဘန်း ဆိပ်ကမ်းမြို့မှာ ကျောက်ချထားပြီး လွန်းကျင်းတင် ပြင်ဆင်ဖို့ ရှိပါတယ်။

လွန်းတင်ချိန်မှာ သင်္ဘောပေါ်ကနေ ဇင်ဘာဘွေ စစ်တပ်အတွက် သယ်ဆောင်လာတဲ့ လက်နက်ငယ် ကျည်ဆံတွေ၊ မော်တာကျည်တွေနဲ့ ပခုံးထမ်း ရော့ကတ်ဒုံးကျည်တွေကို တောင်အာဖရိက ဆိပ်ကမ်းမှာ ခေတ္တ ချထားရမှာ ဖြစ်ပါတယ်။ ဇင်ဘာဘွေ သမ္မတ ရွေးကောက်ပွဲ ပြီးကတည်းက သမ္မတ ရောဘတ် မူဂါဘီက ပထမဆုံးအကြိမ်အဖြစ် တိုင်းပြည်ကို ဒီကနေ့ အသံလွှင့် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

မြို့တော် ဟာရာရီ အမျိုးသား အားကစားရုံကြီးမှာ သူ့ကို ထောက်ခံတဲ့ လူထု ပရိသတ်ပေါင်း များစွာကို ဒီကနေ့ ဇင်ဘာဘွေ နိုင်ငံရဲ့ လွတ်လပ်ရေးနေ့မှာ သမ္မတ မူဂါဘီ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ ဇင်ဘာဘွေကို ကိုလိုနီ နိုင်ငံအဖြစ် သိမ်းပိုက်ခဲ့ဖူးတဲ့ ဗြိတိန်နိုင်ငံကို ဝေဖန်ပုတ်ခတ် တိုက်ခိုက် ပြောကြားသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG