သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုလံပစ်မီးရှုးတိုင် ပြေးပွဲ ဘန်ကောက်မှာ ပြီးဆုံး၊ မလေးရှားသို့ ခရီးဆက်မည်


ဘေဂျင်း အိုလံပစ်မီးရှုးတိုင် လက်ဆင့်ကမ်း သယ်ပွဲ ဒီကနေ့ ဘန်ကောက်မြို့မှာ အေးအေးဆေးဆေးပဲ ပြီးဆုံးသွားပါတယ်။ တိဘက် လိုလားသူများနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူများက တစ်ဖက်၊ တရုတ်ကို ထောက်ခံသူများက တစ်ဖက် ကုလသမဂ္ဂ ဒေသရုံးရှေ့မှာ အပြန်အလှန် ကြွေးကြော်အော်ဟစ် ဆန္ဒပြကြပေမယ်လို့ ရုန်းရင်းဆန်ခတ် ဖြစ်မှုတော့ မရှိပါဘူး။

ဘန်ကောက်မြို့ တရုတ်တန်းကနေ နန်းတော်အထိ ၁၀ ကီလိုမီတာကို လူ ၈၀ လက်ဆင့်ကမ်း သယ်ဆောင်တဲ့အခါမှာ ထိုင်းလုံခြုံရေးရဲ ထောင်ပေါင်းများစွာက စောင့်ကြပ်နေပါတယ်။

ဘေဂျင်းအိုလံပစ် မီးရှုးတိုင် တနင်္လာနေ့ ကွာလာလမ်ပူမှာ လက်ဆင့်ကမ်း သယ်ဆောင်မှာမို့ အသေခံရဲတပ်ဖွဲ့ဝင်များ ချထားမယ့်အကြောင်း မလေးရှား အစိုးရက ကြေညာလိုက်ပြီးတဲ့နောက် တရုတ်သံရုံးရှေ့မှာ ဆန္ဒပြတဲ့ ဖလောင်ကောင်း အဖွဲ့ဝင် များကိုလည်း ဖမ်းဆီးလိုက်ပါပြီ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG