သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စားသောက်ကုန် ဈေးကြီးမြင့်မှုကြောင့် ဆင်းရဲသားနိုင်ငံများ ဖွံ့ဖြိုးရေးခက်ခဲ


စားသောက်ကုန်ဈေးတွေ တဟုန်ထိုးတက်နေတာ
ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ရည်မှန်းချက်တွေ
ပြည့်မီဖို့ ခက်ခဲနေတယ်လို့ ကုလသမဂ္ဂ အတွင်း
ရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။

ဈေးနှုန်းတွေ ကြီးမြင့်နေတာကြောင့် ယနေ့အထိ ကြိုးပမ်းလုပ်ဆောင်ခဲ့တဲ့ ငတ်မွတ်မှုနဲ့ အာဟာရ
ချို့တဲ့မှု တိုက်ဖျက်ရေးလုပ်ငန်းတွေ ပြောင်းပြန် ပြန်လှည့်သွားစေတယ်လို့ ဂါနာနိုင်ငံမှာ ကျင်းပ
နေတဲ့ ကုလသမဂ္ဂ ကုန်သွယ်ရေး ဖွံ့ဖြိုးမှုညီလာခံ
မှာ မစ္စတာဘန်ကီမွန်းက အခုလို ပြောဆိုခဲ့တာပါ။

လွန်ခဲ့တဲ့ တနှစ်အတွင်း ဆန်ဈေးဟာ နှစ်ဆ
ဖြစ်သွားခဲ့ပါတယ်။ အခုလို ဈေးတွေတက်တာ အကြောင်းအမျိုးမျိုး ရှိပါတယ်။ ဝယ်ယူ
စားသုံးမှုနှုန်း များပြားလာတာ၊ လောင်စာဆီဈေးတွေ တက်နေတာနဲ့ ဆန်ထုတ်လုပ်တဲ့
ဒေသတွေမှာ မိုးခေါင်ရေရှားဖြစ်တာ စတာတွေ ပါဝင်ပါတယ်။

စားသောက်ကုန်၊ လောင်စာဆီ၊ သတ္တုနဲ့ တွင်းထွက်ပစ္စည်း စတာတွေ ဈေးတက်နေတဲ့ အာဖရိကနိုင်ငံတွေအနေနဲ့ သူတို့ရဲ့ ဖွံ့ဖြိုးမှုအသုံးစရိတ်ကို တိုးမြှင့်သုံးစွဲကြဖို့ကိုလည်း မစ္စတာဘန်ကီမွန်းက တိုက်တွန်းသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG