သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာသီဥတုအပြောင်းအလဲက စားနပ်ရိက္ခာ အကျပ်အတည်းကို မီးထိုးပေးနေ


ကမ္ဘာကြီးမှာ ကြုံတွေ့နေရတဲ့ စားနပ်ရိက္ခာရှားပါးမှု
ပြဿနာဟာ ရာသီဥတုပြောင်းလဲမှုကြောင့် ပိုဆိုး
စေပြီး နိုင်ငံရေးအရ မတည်ငြိမ်မှုဖြစ်လာအောင် ခြိမ်းခြောက်နေတဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအန်နန် (Kofi
Annan) က သတိပေးလိုက်ပါတယ်။

ရာသီဥတုပြောင်းလဲမှု အကျိုးဆက်တွေကို အာရုံ
စိုက်တဲ့ ကမ္ဘာ့လူသားချင်းစာနာမှုဆိုင်ရာ ဖိုရမ်
အဖွဲ့သစ် (Global Humanitarian Forum) မှာ
မစ္စတာအန်နန်က အင်္ဂါနေ့က ပြောကြားခဲ့တာ
ဖြစ်ပါတယ်။ အစာရေစာရှားပါးမှုနဲ့ ဆက်နွယ်တဲ့
ဆန္ဒပြမှုတွေ ထပ်ပြီးတော့ ဖြစ်လာဖို့ရှိတယ်လို့
လည်း မစ္စတာအန်နန်က ပြောပါတယ်။

ရာသီဥတု ဆိုးဝါးဖောက်ပြန်မှု၊ ခန့်မှန်းရခက်မှု
တွေကြောင့် ကမ္ဘာ့နေရာ တော်တော်များများမှာ အခြေခံစားသောက်ကုန်တွေ
စိုက်ပျိုးလို့မရ ဖြစ်နေသလို ဆင်းရဲတဲ့ လယ်သမားတွေဟာလည်း အချိုးမညီအောင်ကို ထိခိုက်နစ်နာမှုတွေ ရှိနေတဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်းက
ပြောပါတယ်။

လေထုညစ်ညမ်းမှုဖြစ်အောင် အလုပ်ဆုံးနိုင်ငံတွေအနေနဲ့ လယ်သမားတွေ ရာသီဥတု
ပြောင်းလဲမှုနဲ့ လိုက်လျောညီထွေဖြစ်အောင်လို့ သေသေချာချာ ကူညီသင့်တယ်လို့
လည်း ကိုဖီအန်နန်က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG