သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်းကိုနိုင်မျက်စိကို ကုခွင့်မပေးတဲ့အတွက် စစ်အစိုးရကို အမေရိကန် ရှုတ်ချ


ထောင်သွင်းအကျဉ်းချခံထားရတဲ့ အစိုးရနဲ့ သဘောထားကွဲလွဲသူတွေကို စစ်အစိုးရက
ဆေးဝါးကုသခွင့် မပေးဘူးဆိုတဲ့ သတင်းကြောင့် အမေရိကန်ပြည်ထောင်စုက မြန်မာစစ်အစိုးရကို ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

အထိန်းသိမ်းခံ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသား
ခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့မျက်စိကို စစ်အစိုးရ
က ဆက်ပြီးကုသခွင့် မပေးဘူးဆိုရင် ကိုမင်းကိုနိုင်
ဟာ မျက်စိကွယ်သွားနိုင်တယ်ဆိုတဲ့ သတင်းတွေ
ကို သူတို့ရရှိထားတဲ့အကြောင်း အမေရိကန်
နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တွမ်ကေစီ (Tom Casey)
က နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်ဟာ လစဉ် မိသားစုဆရာဝန်ရဲ့ ကျန်းမာရေးစစ်ဆေးတာကို မခံရတဲ့အကြောင်း
လည်း ပြောဆိုပါတယ်။

နိုင်ငံရေးအကြောင်းတွေကြောင့် ဆေးဝါးကုသခွင့်မပေးဘဲထားတာဟာ လူ့အခွင့်
အရေး ချိုးဖောက်မှုဖြစ်တဲ့အကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တွမ်ကေစီက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG