သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗကသအဖွဲ့ချုပ်က ဆန္ဒခံယူပွဲမသမာမှုတွေ ဖော်ထုတ်သွားမည်ဟုကြေညာ


မြန်မာစစ်အစိုးရရဲ့ ဆန္ဒခံယူပွဲဟာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလို့ဆိုပေမယ့် လူထုဆန္ဒကို လိမ်လည်လုယူမယ့်ပွဲဖြစ်တယ်၊ ဒါကြောင့်မို့ ဒါကို မြန်မာကျောင်းသားထုအနေနဲ့ ဖော်ထုတ်ဖွင့်ချသွားမယ်လို့ ဗကသများအဖွဲ့ချုပ် - ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်က ကြေညာချက်ထုတ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံရောက် ဗွီအိုအေ
ဝိုင်းတော်သား ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

အခုလာမယ့် စစ်အစိုးရဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲတွေပေးခြင်းအားဖြင့် စစ်အစိုးရကို အသံတိတ်ဆန္ဒပြကြဖို့နဲ့၊ အဲဒီမှာ မဲကလိမ်ကျမှုတွေရှိတာနဲ့ ကမ္ဘာသိ ဖော်ထုတ်ဖွင့်ချ
သွားဖို့ဆိုပြီး ဗကသများအဖွဲ့ချုပ်က မြန်မာကျောင်းသားထုကို တိုက်တွန်းချက်
ထုတ်ပြန်ခဲ့တာပါ။ လာမယ့်ဆန္ဒခံယူပွဲကို ဗကသအနေနဲ့ကတော့ မဲကလိမ်ကျမှုတွေ
ရှိလာမယ်လို့ တထစ်ချယုံကြည်တဲ့သဘော ဖော်ပြသလို ဒီအချိန်မှာ ကျောင်းသား
လှုပ်ရှားမှုတွေကို မြှင့်တင်ဆောင်ရွက်သွားမယ်လို့ ပြောတဲ့သဘောလည်း ရှိပါတယ်။
ဒါနဲ့ပတ်သက်လို့ ဗကသများအဖွဲ့ချုပ်ရဲ့ ပြောခွင့်ရသူ မနှင်းပွင့်ဝေကို ကျနော် ဆက်သွယ်မေးမြန်းကြည့်ပါတယ်။

“ကျမတို့ ဒီကြေညာချက်မှာ အချက်သုံးချက် ခွဲထားပါတယ်။ ပထမအချက်အနေနဲ့
နအဖစစ်အစိုးရရဲ့ ဆန္ဒခံယူပွဲဟာ မတရားဘူးဆိုတာ အခုအချိန်ကတည်းက အထင်
အရှား သက်သေပြနေပြီဆိုတာ အချက်ခြောက်ချက်နဲ့ ဖော်ပြထားပါတယ်။ ဒုတိယ
တခုအနေနဲ့ ဆန္ဒခံယူပွဲမှာ အဓမ္မအနိုင်ကျင့်ပြီး အတည်ပြုခဲ့ရင် ကျမတို့ ကျောင်းသား လူငယ်တွေအနေနဲ့ လူထုတိုက်ပွဲတွေရော၊ ကျောင်းသားလှုပ်ရှားမှုတွေကိုပါ အရှိန်
အဟုန်မြှင့်ပြီး ဆက်လက်တိုက်ပွဲဝင်သွားကြဖို့ ပြင်ထားတာရှိပါတယ်။ အဲဒီအတွက်
ကျန်တဲ့ကျောင်းသားတွေကိုလည်း ပါဝင်ဖို့ နှိုးဆော်ထားခြင်းဖြစ်ပါတယ်။ နောက်ဆုံး
အချက်က နအဖရဲ့ ဆန္ဒခံယူပွဲမှာ ကလိမ်ကျ မဲလိမ်လည်မှုတွေ၊ ခြိမ်းခြောက်
အနိုင်ကျင့်မှုတွေကို အထောက်အထား သက်သေသာဓကတွေနဲ့ စနစ်တကျရယူပြီး စောင့်ကြည့်လေ့လာရေးလုပ်ဖို့ပါ။”

ဗကသအနေနဲ့ လာမယ့်ဆန္ဒခံယူပွဲမှာ မတရားမှုတွေရှိလာမယ်၊ မဲကလိမ်ကျမှုတွေ
ရှိလာမယ်၊ စောင့်ကြည့်သွားမယ်၊ ဖော်ထုတ်သွားမယ်ဆိုတော့ ဗကသအဖွဲ့အနေနဲ့ရော ကျောင်းသားအစုအဖွဲ့အနေနဲ့ရော တနိုင်ငံလုံးအတိုင်းအတာနဲ့ ဘယ်လောက်အထိ
လုပ်နိုင်မယ်လို့ မနှင်းပွင့်ေ၀ ယူဆပါသလဲ။

“ဗကသအနေနဲ့ရော တခြား ဥပမာအားဖြင့် Generation Wave တို့လို ၂၀၀၇ မျိုးဆက် ကျောင်းသားတွေ၊ နောက် အန်န်အယ်လ်ဒီလူငယ်တွေ၊ မဟာမိတ်လူငယ်တွေ၊
ကျောင်းသားတွေ အားလုံးပေါင်းပြီးတော့ လှုပ်ရှားမှုတွေကို ဆောင်ရွက်နေပါတယ်။
အခုဆိုရင် ကျောင်းအသီးသီးရော၊ တိုင်းနဲ့ပြည်နယ်အသီးသီးက ကျောင်းသားတွေရော ချိတ်ဆက်မှုတွေ ရှိနေပါတယ်။ ပေါ်ပေါ်ထင်ထင်မလုပ်နိုင်ဘူးဆိုရင်တောင် အတတ်နိုင်
ဆုံး လုပ်နိုင်တဲ့နည်း ဘက်ပေါင်းစုံနဲ့ လုပ်သွားမှာပါ။ ဆန္ဒခံယူပွဲမှာ မဲကလိမ်ကျမှုတွေ၊ ခြိမ်းခြောက်အနိုင်ကျင့်မှုတွေကို အားလုံးစုပေါင်းပြီး အစီရင်ခံစာတစောင်ထုတ်ပြီး ကမ္ဘာကိုအသိပေးမှာဖြစ်ပါတယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေက တရားမဝင်ဘူး၊ ကျောင်းသားပြည်သူတွေက လုံးဝလက်မခံဘူးဆိုတာကို ကျမတို့ ဖွဲ့စည်းပုံအခြေခံ
ဥပဒေကို နိုင်ငံတကာအစိုးရတွေက အသိအမှတ်မပြုဖို့ တိုက်တွန်းတောင်းဆိုသွားမှာ
ဖြစ်ပါတယ်။”

အခု မြန်မာစစ်အစိုးရက ဆန္ဒခံယူပွဲလုပ်မယ်၊ မတရားမှုတွေ၊ မဲကလိမ်ကျမှုတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ မနှင်းပွင့်ဝေတို့ပြောဆိုချက်က ဘယ်လောက်အထိ ခိုင်ခိုင်
မာမာရှိတယ်လို့ ယူဆရလဲ။

“အခုအနေအထားမှာ ကျမတို့ အထင်အရှား မြင်တွေ့နေရတာတွေ ရှိပါတယ်။ ဥပမာ စစ်သားတွေဆိုရင် မိမိတို့တပ်ရင်းတွေမှာပဲ မဲပေးရတာတွေ၊ ရဲတွေဆိုရင်လည်း
သက်ဆိုင်ရာ ရဲစခန်းတွေမှာပဲ မဲပေးရတာ၊ ဝန်ထမ်းတွေဆိုရင်လည်း သူတို့ရုံးတွေမှာ
ပဲ မဲပေးရတယ်။ ကျောင်းတွေမှာဆိုရင်လည်း ဆရာ၊ ဆရာမတွေက ကျောင်းမှာပဲ
မဲပေးရတာမျိုးတွေ ရှိနေတယ်။ မနေ့ကဆိုရင် ရွှေဘုံသာလမ်းက ပုဂ္ဂလိကဆိုင်တွေ၊
ဆေးခန်းတွေ အကုန်လုံးကိုခေါ်ပြီးတော့ အစည်းအဝေးလုပ်ပြီးတော့ ထောက်ခံမဲ အတင်းအကျပ်တောင်းတာတွေ၊ အဲလို ခြိမ်းခြောက်အနိုင်ကျင့်မှုတွေက အများကြီး
ရှိပါတယ်။ ဒါကြောင့် ဆန္ဒခံယူပွဲက ဘယ်နည်းနဲ့မှ အမှန်အတိုင်းမဖြစ်နိုင်ဘူးလို့
ကျမတို့ ယူဆပါတယ်။”

ဒါကတော့ ဗကသများအဖွဲ့ချုပ် ပြောခွင့်ရသူတဦးဖြစ်တဲ့ မနှင်းပွင့်ေ၀ ဖြစ်ပါတယ်။
အခုလို လာမယ့်ဆန္ဒခံယူပွဲမှာ မဲကလိမ်ကျမှုတွေရှိတာကို ဖော်ထုတ်ဖွင့်ချဖို့ လွန်ခဲ့တဲ့ အပတ်တွေတုန်းကပဲ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ကလည်း တိုက်တွန်းခဲ့ဖူးပါတယ်။
အခု ဒီနေ့လည်းပဲ ပြည်ပမှာရှိတဲ့ တပ်ပေါင်းစုအဖွဲ့ ၇ ဖွဲ့ကလည်း ပူးတွဲပြီးတော့ သတင်း ထုတ်ပြန်ချက်တခုမှာတော့ ပြည်တွင်းဆန္ဒမဲပေးနိုင်သူ စာရင်းပြုစုတဲ့နေရာမှာ ကွဲလွဲမှု
တွေ၊ မမှန်ကန်မှုတွေရှိနေပြီး ဒီလို မသမာမှုတွေကို ဆန္ဒခံယူပွဲမတိုင်ခင် အခုကတည်း
က တွေ့နေရတယ်လို့ ထောက်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG