သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံမှာရထားနှစ်စင်းတိုက် လူ ၇၀ သေဆုံးပြီး ရာနှင့်ချီဒဏ်ရာရ


ဒီနေ့ တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ်
ဇီဘိုမြို့နားမှာ ခရီးသည်တင် မီးရထားနှစ်စင်း တိုက်မိကြတဲ့အတွက် အနည်းဆုံး လူ ၇၀
သေဆုံးသွားပြီး လူပေါင်း ၄၀၀ ကျော် ဆေးရုံ တင်ထားရပါတယ်။

အဲဒီအထဲက ၇၀ လောက်ဟာ ဒဏ်ရာပြင်းထန်
ပြီး စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့
တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက သတင်းထုတ်ပြန်ထားပါတယ်။ သေဆုံးသူဦးရေ
လည်း တိုးများလာနိုင်တယ်လို့ ဆင်ဟွာသတင်း
က ဆိုပါတယ်။

ဘေဂျင်းမြို့ကနေ တရုတ်နိုင်ငံအရှေ့ခြမ်း ကွင်ဒိုးပြည်နယ်ကို ခုတ်မောင်းလာတဲ့ ခရီး
သည်တင် အမြန်ရထားက လမ်းချော်ပြီး ရှန်ဒေါင်းပြည်နယ် ဇူဟောင်းမြို့ကနေ ဂျန်ဆု
ပြည်နယ်ကို ခုတ်မောင်းလာတဲ့ ခရီးသည်တင်အမြန်ရထားကို ဝင်တိုက်မိတာဖြစ်ပါ
တယ်။

ရထားနှစ်စင်းလုံးဟာ အရှိန်နှုန်းအမြင့်ဆုံး မိုင်ကုန်ခုတ်မောင်းလာပြီး ရထားမောင်းသူ
တွေရဲ့ အမှားအယွင်းကြောင့် ရထားတိုက်မှုဖြစ်ခဲ့ရပြီး အကြမ်းဖက် တိုက်ခိုက်ခံရတာ
မဟုတ်ဘူးလို့ တရုတ်အာဏာပိုင်တွေက ဆိုပါတယ်။

ရထားနှစ်စင်းတိုက်မိတဲ့နေရာမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာကို
တရုတ်ဒုတိယဝန်ကြီးချုပ် ဂျန်တီဂျန်း (Zhang Dejiang) ကိုယ်တိုင် လာရောက်ကြီးကြပ် စစ်ဆေးနေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG