သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အယ်လ်ခိုက်ဒါး အန္တရာယ် အမေရိကန် ထောက်ပြ


အယ်လ်ခိုက်ဒါး အကြမ်းဖက်အဖွဲ့ဟာ ပါကစ္စတန်နိုင်ငံရဲ့ ဝေးလန် ခေါင်ဖျားတဲ့ တိုင်းရင်းသားများ နေထိုင်ရာ နယ်စပ်ဒေသမှာ စက်တင်ဘာ ၁၁ရက် ၂၀၀၁မတိုင်မီက ရရှိခဲ့တဲ့ စစ်ရေး စွမ်းပကားကို ပြန်ပြီးတော့ စုစည်းနေတယ်လို့ အမေရိကန်က ပြောကြားပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်ဝါဒ နှစ်ပတ်လည် အစီရင် ခံစာမှာ အယ်လ်ခိုက်ဒါး အဖွဲ့ဟာ ပါကစ္စတန်၊ အာဖဂန်နစ္စတန် နယ်စပ်မှာ မတည်မငြိမ် ဖြစ်မှုတွေကို အခွင့်ကောင်းယူပြီး လည်းကောင်း၊ ၂၀၀၇ခု ပထမ နှစ်ဝက်က ဖြစ်ထွန်းခဲ့တဲ့ အစ္စလန် မာဗက်က ကြားဝင်စေ့စပ် ပေးတဲ့ အပစ်အခတ် ရပ်စဲရေးကို အခွင့်ကောင်းယူပြီး လည်းကောင်း ဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြပါတယ်။

အယ်လ်ခိုက်ဒါးဟာ သူ့ရဲ ့ လမ်းစဉ်မှာ ကြားဝင်နေတဲ့ ဘယ်သူ့ကို မဆို အများဆုံး ထိခိုက်မှု ပျက်ဆီးအောင် အပြုံလိုက်လိုက် ဖျက်ဆီးနိုင်တဲ့ လက်နက်တွေကို ရှာဖွေ အသုံးပြုခဲ့တယ်လို့ လည်း ပြောကြားပါတယ်။ အယ်လ်ခိုက်ဒါးနဲ့ သူ့ရဲ ့ ရောင်းရင်း ကွန်ယက်တွေဟာ အမေရိကန် ပြည်ထောင်စုနဲ့ သူရဲ့ မဟာမိတ်တွေအတွက် ၂၀၀၇ခုမှာ အကြီးမားဆုံးသော အကြမ်းဖက် အန္တရယ်အဖြစ် ဆက်လက်တည်ရှိနေတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။ အာဖဂန်နစ္စတန်မှာ တာလီဘန်တို့ဟာ အန္တရာယ်အဖြစ် ဆက်ရှိနေတဲ့အကြောင်း တာလီဘန်တို့နဲ့ တခြား သောင်းကျန်းသူ အဖွဲ့အစည်းများနဲ့ ရာဇဝတ်ဂိုင်းများဟာ လှုပ်ရှားနေပြီး တချို ့ဟာ ပြည်ပက အယ်လ်ခိုက်ဒါးနဲ့လည်း အဆက်အသွယ် ရှိထားကြောင်း အစီရင်ခံစာက ဖော်ပြပါတယ်။ ၂၀၀၇ခုမှာ တကမ္ဘာလုံး အတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့် လူနှစ်သောင်းတထောင် အသက်ဆုံးရှုံးခဲ့ရကြောင်း၊ ဒီအထဲက ၆၀ရာခိုင်နှုန်းက အီရက်က ဖြစ်တဲ့အကြောင်း အစီရင်ခံစာက ဆိုပါတယ်။ အကြမ်းဖက်ဝါဒကို အစိုးရက ကမကထ ပြုလုပ်ပေးတဲ့ နိုင်ငံတွေကတော့ ကျူးဘား၊ အီရန်၊ မြောက်ကိုရီးယား၊ ဆူဒန်နဲ့ စီရီးယားနိုင်ငံတို့ ဖြစ်ကြပြီး အရင်နှစ်က အတိုင်းပဲ သူတို့ဟာ အပြောင်းအလဲ မရှိတဲ့အကြောင်း ဖော်ပြပါတယ်။ အမေရိကန် အစိုးရရဲ့ အဲဒီ အစီရင်ခံစာကပဲ မြန်မာ စစ်အစိုးရအပါအဝင် အစိုးရ တချို့ကိုလည်း ပြစ်တင်ဝေဖန်ထားပါတယ်။ အဲဒီအစိုးရတွေဟာ အကြမ်းဖက်ဝါဒကို တိုက်ဖျက်နှိမ်နှင်းတယ်လို့ အကြောင်းပြပြီး သူတို့နဲ့ သဘောထား ကွဲပြား ခြားနားသူတွေကို နှိပ်ကွက်နေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG