သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်းစိန်ထောင်တွင်း ပစ်ခတ်မှုကြောင့် အကျဉ်းသား ၃၀ ကျော် သေဆုံး


ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ စနေမနက်ပိုင်း လေမုန်တိုင်း
ဝင်တဲ့နောက်မှာ ရန်ကုန် အင်းစိန်ထောင်တွင်း ဆူပူမှု
ဖြစ်ပြီး ထောင်အာဏာပိုင်တွေက ပစ်ခတ်တာကြောင့်
အကျဉ်းသား ၃၀ ကျော်ခန့် သေဆုံးခဲ့တယ်လို့ သိရပါ
တယ်။ အကြောင်းစုံကိုတော့ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

ရန်ကုန်မှာတော့ အင်းစိန်ထောင် မီးလောင်တယ်လို့ သတင်းထွက်နေပေမယ့် တကယ်တမ်းက မီး အကြီးအကျယ်လောင်တဲ့သဘောတော့မဟုတ်ဘဲ ထောင်ဆူသလိုဖြစ်ပြီး ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေကို ပစ်ခတ်နှိမ်နင်းခဲ့တာလို့ သိရပါ
တယ်။ အဖြစ်အပျက်အသေးစိတ်အတွက် မြန်မာနိုင်ငံ
ထဲကို ဖုံးလိုင်းတွေ အခက်အခဲဖြစ်နေတော့ အာဏာ
ပိုင်တွေကိုဖြစ်စေ၊ အင်းစိန်ထောင်အနီးတဝိုက်ကိုဖြစ်စေ ဖုံးခေါ်လို့မရပါဘူး။ အေအေ
ပီပီခေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ကိုတိတ်နိုင်ကတော့ သူတို့ရရှိထားတဲ့သတင်းကို အခုလိုပြောပါတယ်။

“စနေနေ့မနက်ပိုင်း အစောကြီးမှာ အင်းစိန်ထောင်မှာ လေတိုက်တယ်၊ မိုးတွေရွာ
တယ်။ အဲဒီအတွက် မနက်အစောကြီးမှာ အင်းစိန်ထောင် အကျဉ်းသားအချုပ်မှာ
မနက်အစောကြီးမှာ မီးလှုံတယ်လို့ ကျနော်တို့ကြားရတယ်။ အဲလိုမီးလှုံရာကနေ
လေတိုက်တဲ့အတွက် မီးလောင်မှုဖြစ်တယ်။ မီးလောင်မှုဖြစ်တာကို ဝန်ထမ်းတွေက
မီးငြှိမ်းမပေးဘဲနဲ့ မိန်းဂျေးပေါ်ကနေ သေနတ်တွေနဲ့ ဝိုင်းပစ်တယ်လို့ သိရတယ်။ အဲဒါ
ကြောင့် ၃၆ ဦးသေဆုံးတယ်လို့ သိရပါတယ်။”

သေဆုံးတဲ့ ၃၆ ဦးဆိုတာ ရိုးရိုးသာမန်အကျဉ်းသားတွေလား၊ ဘယ်လိုလူတွေများပါလဲ။

“အဲဒါကတော့ တိတိကျကျ မသိရသေးပါဘူး။ အများအားဖြင့်တော့ သာမန်အကျဉ်း
သားတွေ ဖြစ်ဖို့များပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်မှာ သာမန်အကျဉ်းသား
တွေပဲ အပြင်ထွက်ခွင့်ရှိတဲ့ အချိန်ဖြစ်နေလို့ပါ။”

နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေ၊ တိုက်ထဲမှာရှိတဲ့လူတွေရဲ့ အခြေအနေတွေ
ရော ဘာများကြားပါသလဲ။

“အဓိက နောက်ဆုံးသတင်းကတော့ ထောင်ဝင်စာတွေ ပေးလို့မရဘူး။ ထောင်ထဲမှာ
ဝမ်းကိုက်ရောဂါတွေဖြစ်တယ်၊ ဝမ်းတွေသွားတယ်ဆိုပြီး မိသားစုတွေက လာပေးတဲ့
အိမ်က ချက်ဟင်းတွေ၊ အစိုဟင်းတွေကို ပေးလို့မရဘူး။ ငါးပိကြော် ပေးလို့မရဘူး။
ထောင်ထဲမှာ ဝမ်းရောဂါဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တားမြစ်ထားတယ်။
အဲဒီနေ့ကစပြီး တယ်လီဖုန်းလိုင်းတွေရော ဖြတ်တောက်ထားတဲ့အတွက် မြန်မာပြည်
ထဲမှာတောင် တနေရာနဲ့တနေရာ ဆက်သွယ်လို့မရဘူး ဖြစ်နေပါတယ်။”

မီးလောင်တယ်ဆိုတာ ဘယ်လိုလောင်တာပါလဲ၊ ထောင်ကိုမီးလောင်သွားတာလား။

“ကျနော်တို့ကြားတာတော့ အကြီးအကျယ်ကြီးလောင်တာတော့ မဟုတ်ပါဘူး။ မီးလှုံ
ရာကနေ လေအရမ်းတိုက်တဲ့အတွက် မီးကူးတာပေါ့။ ရုတ်ရုတ် ရုတ်ရုတ်ဖြစ်တဲ့အခါ
ဝန်ထမ်းတွေကလာတယ်၊ လာတဲ့အခါ အကျဉ်းသားတွေက ထွက်ပြေး။ နောက်ဆုံး
ထွက်ပြေးလို့ မိန်းဂျေးပေါ်ကနေ ပစ်တာခတ်တာတွေဖြစ်တယ်လို့ ကျနော်တို့ကြားရ
ပါတယ်။”

အထိအခိုက် ဒဏ်ရာရတာရော ဘယ်လောက်ကြားပါလဲ။

“အဲဒါတော့ အတိအကျ မသိသေးပါဘူး။”

နောက်ဆုံးအခြေအနေက အင်းစိန်ထောင်ကို သွားတွေ့လို့ရလား၊ ပစ္စည်းတွေ ဘာတွေ
ရော ပေးလို့ရလား၊ ဘာများကြားပါသလဲ။

“စနေနေ့က တချို့ နိုင်ငံရေးအကျဉ်းသားမိသားစုတွေ ထောင်ဝင်စာသွားတွေ့ကြတယ်။
အဲဒါကြောင့် ဖြစ်တဲ့နေ့မှာပဲ သိလိုက်တယ်။ ဒါပေမယ့် ဘယ်မှ သွားလို့လာလို့မရဘူး ဖြစ်နေတဲ့အတွက် သူတို့လည်း ဘယ်လိုမှ သတင်းပေးလို့မရဘူးဖြစ်တယ်။”

နောက်ဆုံးအခြေအနေရော ဘာများကြားပါသလဲ။

“ကျနော်တို့သိရသလောက်တော့ တချို့နိုင်ငံရေးအကျဉ်းသားမိသားစုတွေက အန်န်အယ်လ်ဒီရုံးချုပ်သွားပြီးတော့ အဖြစ်အပျက်နဲ့ပတ်သက်ပြီး အစီရင်ခံနေတယ်လို့
ကြားပါတယ်။”

ရန်ကုန် အင်းစိန်ထောင်မှာ ထောင်ဆူတာဆိုလို့ နောက်ဆုံး ၁၉၈၈ ခုနှစ် အရေးအခင်း
ကာလလို့ ဆိုရမှာပါ။ အဲဒီတုန်းကလည်း ထောင်မီးလောင်ပြီး ထောင်အာဏာပိုင်တွေ
က ပစ်ခတ်နှိမ်နင်းတာကြောင့် အကျဉ်းသားရာနဲ့ချီပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နောက်ဆက်တွဲအခြေအနေနဲ့ပတ်သက်ပြီး အေအေပီပီအတွင်းရေးမှူး ကိုတိတ်နိုင်က
ဗွီအိုအေကို အခုလို ဆက်ပြောပါတယ်။

“သောကြာနေ့ တညလုံးမှာ မိုးတွေရွှဲနေတယ်၊ မုန်တိုင်းတွေတိုက်နေတဲ့အတွက်
မနက်ကျတော့ တံခါးလာဖွင့်မပေးဘူးလို့ ပြောတယ်။ အဲဒီကနေ ပြဿနာစတက်
တယ်။ အခု ၉၈ ယောက်ကို လောလောဆယ် တိုက်ပိတ်ထားတယ်။ ၄ ဦးက ဆူပူမှုကို ဖန်တီးတယ်ဆိုပြီး စစ်ကြောရင်းနဲ့ လက်လွန်ပြီး သေဆုံးသွားတယ်လို့ ထပ်သိရတယ်။ ပွဲချင်းပြီးသေတာကတော့ ၃၆ ယောက်ဖြစ်တယ်။ ၇၀ ကျော်က ဒဏ်ရာရတယ်။ ရမ်ဘိုဗွီဒီယိုခွေကိစ္စနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ လှိုင်မြို့နယ်က ကိုထွန်း၊
ကိုသန်းဇော်၊ ဒေါပုံမြို့နယ်က ကိုအုန်းကျော်၊ ကိုဉာဏ်လင်းအောင်၊ သူတို့ ၄ ယောက်
က နိုင်ငံရေးအကျဉ်းသားတွေဖြစ်တယ်။ အဲဒီ ၄ ယောက်ကိုလည်း တိုက်ပိတ်တဲ့အထဲ
မှာပါတယ်လို့ သိရတယ်။”

နိုင်ငံရေးအကျဉ်းသားတွေ သူတို့မိသားစုတွေနဲ့ တိုက်ရိုက် ထောင်ဝင်စာတွေ့ခွင့်ရ
တယ်လို့ ကြားပါသလား။

“တချို့ တွေ့လို့ရပါတယ်။ တော်တော်များများကိုတော့ ထောင်ဝင်စာပိတ်ထားပါတယ်။ တစ်ဆောင်ကလူ တော်တော်များများကိုတော့ ထောင်ဝင်စာပိတ်ထားတယ်။ အခု
ဖြစ်တာက အဓိက အမှတ်တစ်ဆောင်က ဖြစ်တာပါ။”

ဆက်စပ်သတင်းများ ...

XS
SM
MD
LG