သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတကို လုပ်ကြံသူ သံသယဖြစ်ဖွယ် အစိုးရ ဝန်ထမ်းနှစ်ဦးကို ဖမ်းဆီး


သမ္မတ Hamid Karzai ကို ဧပြီလ ၂၇ ရက် နေ့ က လုပ်ကြံခဲ့ရာမှာ သံသယ ဖြစ်တဲ့အတွက် အစိုးရ ဝန်ထမ်း ၂ ယောက် ကို ဖမ်းဆီးခဲ့တယ်လို့ အာဖဂန် အရာရှိတွေ က ဆိုပါတယ်။

တစ်ယောက် က ကာကွယ်ရေး ဝန်ကြီးဌာန မှာ အလုပ်လုပ်ခဲ့ပြီး၊ နောက်တစ်ယောက် က ပြည်ထဲရေး ဝန်ကြီးဌာန မှာ အလုပ်လုပ်ခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီး Abdul Rahim Wardakက ဆိုပါတယ်။

ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ထမ်း က လက်နက် ကျွမ်းကျင်သူတစ်ယောက် ဖြစ်ပြီး၊ တိုက်ခိုက်သူတွေ အသုံးပြုခဲ့တဲ့ AK 47 သေနတ်တွေ ဟာည အစိုးရ ထုတ်ပေးခဲ့တဲ့ သေနတ်တွေ ဖြစ်တယ်လို့ ကာကွယ်ရေး ဝန်ကြီး ကို ကိုးကားပြီး အေပီသတင်း က ပြောပါတယ်။

ပါကစ္စတန် အခြေစိုက် အယ်ကိုင်ဒါ အကြမ်းဖက်သမားတွေ ရဲ့ အခန်းကဏ္ဍ တိုက်ခိုက်ရာမှာ ပါဝင်ခဲ့တယ်လို့ ထောက်လှမ်းရေး အကြီးအကဲ Amrullah Saleh က သတင်းထောက်တွေ ကို ပြောကြားခဲ့ပါတယ်။

ဧပြီလ ၂၇ ရက် တိုက်ခိုက်မှုကြောင့် သမ္မတ ထိခိုက်မှု မရှိခဲ့ပါဘူး။ ဒါပေမဲ့ အနီးမှာ ရှိတဲ့ လူ သုံးယောက် သေဆုံးခဲ့ကြပါတယ်။ လုံခြုံရေး တပ်ဖွဲ့တွေ က တိုက်ခိုက်သူ သုံးယောက် ကို ပစ်ခတ်သတ်ဖြတ်နိုင်ခဲ့တယ်လို့ ပြောကြားပါတယ်။ တာလီဘန်တွေ က သူတို့ လက်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG