သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းဒဏ်ခံ မြန်မာလူထုအတွက် အကူအညီပေးရန် ကုလအတွင်းရေးမှူးချုပ် ညွှန်ကြားထားပြီး


ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့လို့ ပြီးခဲ့တဲ့ ရက်တွေအတွင်းမှာပဲ လူပေါင်းထောင်သောင်း
ချီ သေဆုံးခဲ့ရတဲ့အထိ ဖြစ်ခဲ့ရတာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဝမ်းနည်းမှု
တွေနဲ့အတူ နောက်ဆက်တွဲပြဿနာတွေကို
ဖြေရှင်းဖို့ တိုက်တွန်းမှုတွေ၊ ကြိုးပမ်းမှုတွေ
လည်း ရှိနေပါပြီ။ ဒီအထဲမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်လည်း ပါဝင်ပါ
တယ်။ နိုင်ငံတကာက ပြောဆိုတာတွေနဲ့
ပတ်သက်လို့ ကိုအောင်လွင်ဦးက တင်ပြ
ပေးထားပါတယ်။

မုန်တိုင်းဘေးဒဏ် အကြီးအကျယ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေအတွက် ကုလသမဂ္ဂ
အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ဝမ်းနည်းမှုတွေ ဖြစ်ရတဲ့အကြောင်းနဲ့ အတိ ဒုက္ခရောက်နေကြသူတွေကို အကူအညီတွေပေးကြဖို့ တိုက်တွန်းနေကြတာပါ။ အခု
နောက်ဆုံးဆိုရင် လူပေါင်းထောင်သောင်းချီ သေဆုံးခဲ့ရသလို အိုးမဲ့အိမ်မဲ့ ခိုကိုးရာမဲ့ ဖြစ်ကြရသူပေါင်းများစွာရဲ့ ကံကြမ္မာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေ
အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း (Mr. Ban Ki-Moon) က ပြောဆိုလိုက်တာပါ။

“ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေ အားလုံးအတွက် အလွန်
အမင်းကို စိတ်မကောင်းဖြစ်ရပါတယ်။ ကုလသမဂ္ဂအနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီတွေကို တတ်နိုင်သမျှ ပံ့ပိုးပေးသွားပါမယ်။ လောလောဆယ်မှာ
တော့ ဆက်သွယ်မှုတွေ ပြတ်တောက်နေတာမို့ ပျက်စီးဆုံးရှုံးမှုတွေ၊ ထိခိုက်သေဆုံးမှု
တွေနဲ့ ပတ်သက်လို့တော့ မသိရသေးပါဘူး။” လို့ သူကပြောသွားတာပါ။

မုန်တိုင်းဒဏ်ကြောင့် အသေအပျောက်စာရင်း ရာဂဏန်းကနေ သောင်းဂဏန်း
လောက်အထိ မြင့်တက်လာပြီးတဲ့နောက် ဒီလိုစိုးရိမ်ပူပန်မှုတွေ ကြီးထွားလာတာလည်း
ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရက အစောပိုင်းမှာ လူ ၃၀၀ ကျော် သေဆုံးတယ်လို့
ပြောဆိုထားရာက နောက်ပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက နိုင်ငံခြား
သံတမန်တွေနဲ့ တွေ့ဆုံစဉ်မှာ သောင်းဂဏန်းအထိ ရှိနိုင်တယ်လို့ ပြောဆိုလိုက်တာပါ။

“မြန်မာနိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်အဆိုအရ သေဆုံးသူကိန်းဂဏန်းဟာ သောင်းဂဏန်းကျော်အထိ မြင့်တက်လာတာမို့ ကျနော့်အနေနဲ့ အတော့်ကို စိုးရိမ်မိပါ
တယ်။ အခုလောလောဆယ်မှာတော့ မြန်မာသံအမတ်ကြီးနဲ့ ကျနော့်ရုံးအဖွဲ့အကြီး
အကဲတို့က ဘာတွေ ဘယ်လို လုပ်ကိုင်နိုင်မလဲဆိုတာနဲ့ ပတ်သက်လို့ ဆွေးနွေးနေကြ
ပါပြီ။ အခုဆိုရင်လည်း ကုလသမဂ္ဂရဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ညှိနှိုင်းဆောင်
ရွက်ရေးအဖွဲ့နဲ့ ဘာတွေ လုပ်နိုင်မလဲဆိုတာတွေ သိနိုင်ဖို့ ကျနော် စပြီးလုပ်နေပါ
တယ်။” လို့ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ပြောသွားတာပါ။

မုန်တိုင်းကြောင့် သေဆုံးခဲ့ရသူ အများအပြား ရှိခဲ့သလို အသက်မသေ ရှင်ကျန်ရစ်သူ တွေအနေနဲ့လည်း စားဝတ်နေရေး ပြဿနာလို အခြေခံလိုအပ်ချက် အခက်အခဲတွေ
ကလည်း ရှိနေတာပါ။ ဒီလို လိုအပ်ချက်တွေအတွက် ကုလသမဂ္ဂဘက်က ပြင်ဆင်မှု
တွေ လုပ်ထားတယ်ဆိုပေမယ့်လည်း နောက်ထပ် အထောက်အပံ့တွေကလည်း လိုအပ်
နေဆဲလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး (OCHA)
ရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စ အယ်လစ်ဇဘက်သ် ဘိုင်ယာစ် (Elisabeth Byrs) က ဆိုပါ
တယ်။

“အစားအသောက်၊ ရေသန့်တဲ့ပစ္စည်း၊ ဆေးဝါး စတဲ့ တချို့လိုအပ်တဲ့ပစ္စည်းတွေကို
တော့ ပြင်ဆင်ပြီးပါပြီ။ ဒါပေမယ့်လည်း နောက်ထပ် လိုနေတုန်းပါပဲ။ ပလတ်စတစ်
အခင်းတွေ၊ ခြင်ထောင်တွေ စသဖြင့်ပါ။ ဒီလူတွေအနေနဲ့ ရေရနိုင်တဲ့ အခြေအနေမှာ
မရှိကြသလို အိုးမဲ့အိမ်မဲ့ ဖြစ်ကြရသူတွေအတွက် ရေကောင်းရေသန့်လည်း လိုအပ်နေ
ပါတယ်။ ဒါကြောင့် ရေသန့်တဲ့ ဆေးပြားတွေလည်း လိုပါတယ်။ အရေးတကြီး လိုအပ်
နေတာလည်း ဖြစ်ပါတယ်။” လို့ OCHA ရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စ အယ်လစ်ဇဘက်သ်
ဘိုင်ယာစ်က ပြောသွားတာပါ။ ဒါ့အပြင် ဒီလို အိုးမဲ့အိမ်မဲ့ ဖြစ်ကြရသူတွေအတွက် ယာယီခိုလှုံရာနေရာတွေမှာ နေထိုင်ကြရာမှာ အချက်အပြုတ်၊ အသုံးအဆောင်တွေ
လည်း လိုပါတယ်လို့ သူကပြောခဲ့ပါတယ်။

ဒီလို စိုးရိမ်မကင်းဖြစ်ရတဲ့အကြောင်း၊ ပျက်စီးဆုံးရှုံးမှုတွေ သေကျေမှုတွေအတွက် စိတ်မကောင်းဖြစ်ရတဲ့အကြောင်းနဲ့ အရေးပေါ်အကူအညီတွေ ပေးအပ်ဖို့ ပြောဆိုကြ
တဲ့အထဲမှာ ဗြိတိန်၊ ဂျာမဏီ၊ စင်ကာပူ၊ အိန္ဒိယ၊ ထိုင်း စတဲ့ အစိုးရတွေ၊ အစိုးရမဟုတ်
တဲ့ အဖွဲ့အစည်းတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေလည်း ပါဝင်
ကြတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG