သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယ်ဆယ်ရေးလုပ်သားတွေ ဝင်ခွင့်ပြုဖို့ မြန်မာစစ်အစိုးရကို ကုလအတွင်းရေးမှူးချုပ် ဆော်သြ


မြန်မာပြည်မှာ ဆိုင်ကလုံး လေပြင်း မုန်တိုင်းဘေးသင့်နေသူတွေကို ထောက်ပံ့ကူညီမယ့် ကယ်ဆယ်ရေး ဝန်ထမ်းများ ဝင်ခွင့်ပေးပါလို့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်က စစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ကြာသာပတေးနေ့တုန်းကတော့ ကုလသမဂ္ဂ ကယ်ဆယ်ရေး အဖွဲ့ဝင် တဖွဲ့ မြန်မာပြည်ကို ဝင်ခွင့်ရလိုက်ပါတယ်။

မြန်မာပြည်က လေဘေးဒုက္ခသည် တသန်းလောက်အတွက် ထောက်ပံ့ရေး ပစ္စည်းများ ကျယ်ကျယ်ပြန့်ပြန့် ဝင်ခွင့် ပြုသင့်တယ်လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဗုဒ္ဓဟူးနေ့မှာ ကြေညာချက် တရပ်ထုတ်ပြန်ကာ တိုက်တွန်းသွားတာဖြစ်ပါတယ်။ ဝါရှင်တန်မှာလည်းပဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ်က

အခုကျန်နေသေးတာက ကယ်ဆယ်ရေး လုပ်သား မြန်မာပြည်တွင်း ဝင်ခွင့် ပြုဖို့ပဲ ဖြစ်တယ်လို့ တိုက်တွန်းခြင်း၊ အခုလို သဘာဝဘေးဒဏ်ခံနေရတဲ့အချိန်မှာ ဒီကိစ္စကို နိုင်ငံရေးထဲ ထည့်မသွင်းသင့်ဘူးလို့လဲ ပြောဆိုသွားတာဖြစ်ပါတယ်။ အမေရိကန်နဲ့ အနောက်နိုင်ငံများက စစ်အစိုးရကို ပြစ်တင်ဝေဖန်လေ့ရှိပြီး စစ်အစိုးရကလည်း သူတို့ ပြုတ်ကျအောင် လုပ်ဆောင်နေတယ်လို့ ပြန်လည် စွပ်စွဲထားပါတယ်။

လူလေးသောင်းနှစ်ထောင်ကျော် ပျောက်ဆုံးနေတယ်လို့ အမေရိကန် သံရုံး ယာယီခံ တာဝန်ခံကတော့ သေဆုံးသူ တစ်သိန်းလောက် ရှိနိုင်တယ်လို့ နိုင်ငံတကာ အဖွဲ့များနဲ့ အင်ဂျီအို အဖွဲ့များရဲ့ ခန့်မှန်းချက်ကို အခြေခံကာ ပြောဆိုသွားပါတယ်။ ICRC နိုင်ငံတကာ ကြက်ခြေနီက လုပ်ငန်း ကနဦး ဒေါ်လာ ၆သန်းထည့်ဝင်ဖို့ မှန်းထားပါတယ်။ နိုင်ငံတကာ အထောက်အပံ့များ စစ်အစိုးရက ကြိုဆိုပေမယ့် မြန်မာပြည်တွင်း ဝင်ခွင့် ဗီဇာနဲ့ အကောက်အခွန်စည်းမျဉ်းများကို ကန့်သတ်ချုပ်ခြယ်ထားဆဲ ဖြစ်ပါတယ်။ စစ်အစိုးရခွင့်ပြုချက် မလိုဘူးလို့ ကုလသမဂ္ဂက သတ်မှတ်သင့်တယ်လို့ ပြင်သစ်က အကြံပေးထားပြီး ထိုင်း၊ တရုတ်၊ အိန္ဒိယ နိုင်ငံတို့ကတော့ ကယ်ဆယ်ရေး ပစ္စည်းများ လေယာဉ်ပျံနဲ့ တင်ပို့နေပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG