သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းကြောင့် လူတွေသေဆုံးလင့်ကစား ပြည်သူ့ဆန္ဒခံယူပွဲလုပ်


တချို့နေရာတွေမှာ မဲရုံတွေကို
စောင့်ကြည့်နိုင်ခဲ့တယ်လို့ အမျိုးသားဒီမို
ကရေစီအဖွဲ့ချုပ်ကို ထောက်ခံသူတွေက
ဆိုကြပါတယ်။ ဒါပေမယ့် တချို့နေရာတွေ
မှာတော့ မဲရေတွက်တဲ့အခါ အစိုးရ
ဝန်ထမ်းတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေပဲ
ရှိတယ်လို့ ပြောပါတယ်။

မဲရေတွက်ပြီးတာနဲ့ ဌာနချုပ်ကိုပို့ဖို့ပဲ သူတို့ကိုပြောထားပါတယ်လို့ ဒေသဆိုင်
ရာ အာဏာပိုင်တွေက ပြောကြားပါတယ်။ ဘယ်အချိန်မှာ မဲရလဒ်ကြေညာမယ်ဆိုတာ
ကိုတော့ မသိရသေးပါဘူး။

တိုင်းပြည်အနှံ့ မဲရုံအမျိုးမျိုးမှာ မဲပေးသူတွေကို နှောင့်ယှက်ခြိမ်းခြောက်တာတွေ ရှိခဲ့
တယ်လို့ တချို့သတင်းတွေက ဆိုပါတယ်။ တဖွဲ့နဲ့တဖွဲ့အကြား အော်ဟစ်ငြင်းခုံ တိုင်ကြားတာတွေလည်း ရှိခဲ့တယ်လို့ ဗွီအိုအေမြန်မာပိုင်းအစီအစဉ်ကို တယောက်က ပြောကြားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို အတည်တော့မပြုနိုင်သေးပါဘူး။

အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူလူထုကို ကန့်ကွက်မဲပေးဖို့ တိုက်တွန်းထားပါတယ်။ အစိုးရရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံဟာ ဒီမိုကရေစီကို သွားမယ်ဆိုတဲ့
အကြောင်း လက်မခံ ပယ်ချထားပါတယ်။ သူ့ရဲ့လမ်းပြမြေပုံဟာ ဒီမိုကရေစီကို
သွားမယ်လို့ အစိုးရကတော့ ပြောထားပြီး ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်မယ်လို့
ဆိုထားပါတယ်။

ဒီအချိန်မှာပဲ နာဂစ်မုန်တိုင်းဒဏ်ခံလိုက်ရတဲ့ မြန်မာပြည်သူတွေအတွက် အရေးပေါ်
အကူအညီ ဒေါ်လာ ၁၈၅ သန်းကျော်ကူညီဖို့ ကုလသမဂ္ဂက ဆော်သြစည်းရုံးနေပါ
တယ်။ အကူအညီပေးပို့တာတွေ နှေးကွေးအောင်လုပ်ထားတဲ့ မြန်မာ့ဗျူရိုကရေစီ အတားအဆီးတွေကို ဖယ်ရှားပေးဖို့လည်း ကုလသမဂ္ဂ အရာရှိတွေက စစ်အစိုးရကို တိုက်တွန်းထားကြပါတယ်။

ကမ္ဘာကျော် ကွန်ပျူတာ မိုက်ခရိုက်ဆော့ဖ်ကုမ္ပဏီသူဌေးကြီး ဘီလ်ဂိတ်စ် (Bill Gates)
တို့ လင်မယားရဲ့ ဖောင်ဒေးရှင်းကလည်း အရေးပေါ်အကူအညီအတွက် ဒေါ်လာ
၁,၀၀၀,၀၀၀ ထည့်ဝင်ထားပါတယ်။

အမေရိကန်အစိုးရရဲ့ အကူအညီပစ္စည်းတွေ သယ်ဆောင်လာတဲ့ အမေရိကန် လေယာဉ်
တစင်းကို တနင်္လာနေ့မှာ မြန်မာအာဏာပိုင်တွေက ဆင်းခွင့်ပြုမယ်လို့ အမေရိကန်
အရာရှိတွေက ပြောကြားပါတယ်။ အကူအညီပေးတဲ့ပစ္စည်းတွေကို ဖြန့်ရာမှာ မြန်မာ နိုင်ငံသားတွေကိုပဲသုံးဖို့ စစ်အစိုးရက အခိုင်အမာ ပြောနေပါတယ်။

နိုင်ငံခြားအကူအညီပေးရေး ဝန်ထမ်းအနည်းငယ်ကိုပဲ ဗီဇာထုတ်ပေးထားပါတယ်။ မြန်မာနိုင်ငံသားဆိုတာကလည်း အများအားဖြင့်တော့ စစ်သားတွေပဲ ဖြစ်နေတတ်
ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG