သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရကြေညာချက် တရားမဝင်ကြောင်း အန်န်အယ်လ်ဒီ ငြင်းဆို


စစ်အစိုးရရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေး လူထုဆန္ဒခံယူပွဲမှာ ပြည်သူအများစုက တခဲနက် ထောက်ခံ အတည်ပြုလိုက်ကြောင်း စစ်အစိုးရက ကြေညာသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ကတော့ ဒီကြေညာချက်ဟာ တရားမဝင်ဘူးလို့ ဆိုပါတယ်။ အသေးစိတ်ကို
မနန္ဒာချမ်းက တင်ပြထားပါတယ်။

လေဘေးဒဏ်သင့် ဒုက္ခသည်တွေကို ထိရောက်တဲ့အကူအညီတွေ ပေးနိုင်ဖို့အတွက်
ကမ္ဘာ့နိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေက အပြင်းအထန် ကြိုးစားနေချိန်၊ တခါ
ရန်ကုန်တိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသက ပြည်သူတွေ လေဘေးဒုက္ခ မငြိမ်းအေးခင်မှာဘဲ မြန်မာစစ်အစိုးရကတော့ စနေနေ့တုန်းက ကျင်းပခဲ့တဲ့ လူထုဆန္ဒခံယူပွဲကြီးမှာ ၉၂%
ကျော် ထောက်ခံမဲရခဲ့တဲ့အတွက် သူတို့ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အတည်ဖြစ်သွားပြီလို့ ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့်လည်း ၉၀ ရွေးကောက်ပွဲအနိုင်
ရ အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဒီလိုအတည်ပြုတာဟာ
တရားမဝင်ဘူးလို့ တုံ့ပြန်လိုက်ပါတယ်။ ဘာကြောင့် အန်န်အယ်လ်ဒီက အခုလို ပြောရ
သလဲဆိုတာကို အန်န်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အခုလိုပြောဆိုပါတယ်။

“ကျနော်တို့ရတဲ့သတင်းအရ ပြည်သူတွေဟာ မဲတောင်မှ မပေးရပါဘူး။ မဲလက်မှတ်
ထုတ်တဲ့အခါမှာ လက်မှတ်ထိုးပြီးရင် မဲပြားကို သူတို့ဘာသာ ထည့်သွားတာပဲ။
နည်းလမ်းတော့ မျိုးစုံပေါ့။ တချို့က အတင်းအဓမ္မ ထောက်ခံခိုင်းတယ်။ တချို့က
မဲလက်မှတ်တောင် မပေးဘူး။ ဒီလိုဟာတွေက သတင်းအများအပြား ရှိနေပါတယ်။
အဲဒါကြောင့် ဒီလိုအတည်ပြုတယ်ဆိုတာလည်း ဥပဒေအရတော့ ပြည်သူ့ဆန္ဒ အစစ်
အမှန် မဟုတ်တဲ့အတွက် တရားမဝင်ဘူးလို့ ပြောချင်ပါတယ်။”

ဒါ့အပြင် အစိုးရက လာမယ့် ၂၄ ရက်နေ့ကျရင်လည်း လေဘေးဒဏ်သင့်ခဲ့တဲ့ဒေသ
တွေမှာ လူထုဆန္ဒခံယူပွဲ ကျင်းပဖို့ ပြင်ဆင်နေတာကြောင့် အခုလို လေဘေးဒုက္ခ ခံစားနေရတဲ့အချိန်မှာ ပြည်သူတွေရဲ့ အခက်အခဲ၊ အကျပ်အတည်းတွေကို မဖြေရှင်း
ပေးဘဲ ဆန္ဒခံယူပွဲကို အတင်းပြုလုပ်မယ့်အပေါ်မှာလည်း ရှုတ်ချတဲ့အကြောင်း
အန်န်အယ်လ်ဒီက ကြေညာချက်ထုတ်ပြီး ကန့်ကွက်ခဲ့ပါတယ်။ မြန်မာစစ်အစိုးရက
တော့ စနေနေ့တုန်းက ပြုလုပ်ခဲ့တဲ့ လူထုဆန္ဒခံယူပွဲမှာ မဲပေးသူ ၂၂ သန်းရဲ့ ၉၉%
ကျော်က သူတို့ကို မဲပေးခဲ့ကြတာလို့ ဆိုပါတယ်။

ဒီဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေး လူထုဆန္ဒခံယူပွဲကြီးဟာ လာမယ့် ၂၀၁၀
ခုနှစ်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် အကြိုလည်းဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဒီဖွဲ့စည်းပုံထဲမှာ ရေးဆွဲထားတဲ့ အချက်တွေဟာ စစ်အစိုးရ သက်ဆိုး ရှည်ရေးအတွက်သာ ရေးဆွဲထားတာဖြစ်တယ်လို့လည်း ဝေဖန်သူတွေက ပြောဆိုနေ
ကြသလို နာဂစ်ဆိုင်ကလုန်းဖြစ်ပြီးနောက် တပတ်အတွင်းမှာပဲ လူထုဆန္ဒခံယူပွဲကို ဖြစ်အောင်ကျင်းပခဲ့တဲ့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဝေဖန်မှုကိုလည်း ခံခဲ့
ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG