သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယ်ဆယ်ရေးတပ်ဖွဲ့များ မြန်မာပြည်စေလွှတ်ရေး အမေရိကန် အဆင်သင့်ရှိ


မြန်မာစစ်ခေါင်းဆောင်များအနေနဲ့ သူတို့ရဲ့မာနကို ခဏဘေးဖယ်ထားပြီး လူ ၄၃,၀၀၀
ထက်နည်း သေဆုံးခဲ့ရတဲ့ ဆိုင်ကလုံး လေပြင်းမုန်တိုင်း ဘေးသင့်နေသူများအား နိုင်ငံ
တကာက ပိုမိုကယ်ဆယ်ထောက်ပံ့ခွင့် ပြုပါလို့ အမေရိကန် ကာကွယ်ရေးဌာနက တိုက်တွန်းလိုက်ပါတယ်။

သဘာဝဘေးဒဏ်ခံရတဲ့ ဒေသများမှာ ကယ်ဆယ်ရေးအတွေ့အကြုံရှိတဲ့ တပ်ဖွဲ့များ
မြန်မာပြည်ကိုစေလွှတ်ဖို့ အမေရိကန်က အသင့်ဖြစ်နေပြီ၊ ဒါပေမယ့် စစ်အစိုးရရဲ့
ခွင့်ပြုချက်မရဘဲ ဘာမှလုပ်လို့ မရနိုင်ဘူးလို့ ပင်တဂွန် အမေရိကန် ကာကွယ်ရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ရော့ပိုရဲလ်က ကြာသပတေးနေ့မှာ ပြောဆိုခဲ့ပါတယ်။

စစ်အစိုးရက အမေရိကန်စစ်လေယာဉ် ၁၃ စင်းတိုက် ရေသန့်၊ ရွက်ထည်တဲ၊ စောင်နဲ့
တခြား ထောက်ပံ့ရေးပစ္စည်းများ မက်ထရစ်တန်ချိန် ၁၄၀ ကျော် ရန်ကုန်ကို သွားပို့ခွင့်
ပြုခဲ့တဲ့ စစ်အစိုးရက အိမ်နီးနားချင်းနိုင်ငံများက အထောက်အပံ့များ တောင်းခံ
ထားပါတယ်။

သူတို့ဘာသာ ကမ္ဘာနဲ့အဆက်ဖြတ်ထားတဲ့ စစ်အစိုးရဟာ မြန်မာနိုင်ငံတွင်း နိုင်ငံခြား
သားများ အဝင်ခံဖို့ ဝန်လေးနေပါတယ်။ မြန်မာနိုင်ငံမှာ နာဂစ် ဆိုင်ကလုံးမုန်တိုင်းကျ
ဧရာဝတီတိုင်းမှာ အကြီးအကျယ် သေကျေပျက်စီးပြီး အသက်မသေ ရှင်ကျန်နေသေး
သူ ဒုက္ခသည်များ စားစရာအစာနဲ့ သောက်စရာရေမရှိ ဖြစ်နေပြီး သတင်းနှစ်ပတ်
အကြာမှာ နိုင်ငံတကာ ကယ်ဆယ်ရေးအထောက်အပံ့များ ပထမအသုတ် မြန်မာနိုင်ငံ
အတွင်းကို စစ်အစိုးရက ဝင်ခွင့်ပြုခဲ့ပါတယ်။

XS
SM
MD
LG