သုံးရလွယ်ကူစေသည့် Link များ

ကုလအတွင်းရေးမှူးချုပ် မြန်မာပြည်ခရီးစတင်ထွက်ခွာ


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဟာ မြန်မာလေဘေး ဒုက္ခသည်တွေ ကယ်ဆယ်ရေး အကူ အညီတွေ ထိထိရောက်ရောက် ပေးနိုင်ဖို့အတွက် ဆွေးနွေး ပြောဆိုဖို့ မြန်မာနိုင်ငံကို ခရီးထွက်ခွာ သွားပါပြီ။

သူ့ရဲ့ ဒီခရီးစဉ်ဟာ ဒုက္ခသည်တွေကို စာနာဂရုဏာသက်တယ် ဆိုတာကို အလေးအနက် ပြောဆိုဘို့ ရည်ရွယ်တယ်လို့ နယူးယောက်ခ်မြို့က မထွက်ခွာခင် မစ္စတာ ဘန်ကီမွန်း က သတင်းထောက်တွေကို ပြောပြပါတယ်။

သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါအ၀င် စစ်အစိုးရ ခေါင်းဆောင် ပိုင်းနဲ့ တွေ့ဆုံဖို့ ရှိသလို၊ မုန်တိုင်းဒဏ်သင့် ဒေသ တွေကိုလည်း သွားရောက်ကြည့်ရှု ရလိမ့်မယ်လို့ မျှော်လင့်နေတယ်လို့ ကြားသိရပါတယ်။ ဒုက္ခသည်တွေ ကယ်ဆယ်ရေးအတွက် နိုင်ငံတကာက အကူအညီတွေ ဒီထက်မကပိုပြီး ထိထိ ရောက်ရောက် ပေးနိုင်ရေးအတွက် ကျိုးစားပြီး ညှိနှိုင်းမယ် လို့လည်း မစ္စတာ ဘန်ကီမွန်း က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG