သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူသားချင်းစာနာမှုဆိုင်ရာ ကုလအကြီးအကဲ မြန်မာစစ်ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံ


မြန်မာနိုင်ငံမှာ နာဂစ်ဆိုင်ကလုံး လေပြင်းမုန်တိုင်း
သင့်လို့ အကြီးအကျယ် အထိနာသွားတဲ့ ဧရာဝတီ
တိုင်းက ဒုက္ခသည်များအတွက် ကယ်ဆယ်ထောက်ပံ့
ရေး ဧရာမတွန်းအားပေးမှုကြီး လိုအပ်ကြောင်း အစိုးရခေါင်းဆောင်များနဲ့ ဆွေးနွေးခဲ့တယ်လို့ ကုလ
သမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်
အတွင်းရေးမှူးချုပ် ဂျွန်ဟုမ်းစ် (John Holmes) က
ဆိုပါတယ်။

လေဘေးသင့်တဲ့နေရာများကို သွားကြည့်ပြီး နောက်
တနေ့မှာ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် အပါအဝင်
အစိုးရတာဝန်ခံများနဲ့ တွေ့ဆုံခဲ့ကြောင်း၊ ကယ်ဆယ် ထောက်ပံ့ရေးလုပ်ငန်းများ ပြန်လည်ဆန်းစစ်မှု၊ ပူးပေါင်းဆောင်ရွက်မှု အပါအဝင် ကိစ္စ
ရပ်အ၀၀ကို ဆွေးနွေးခဲ့ကြောင်း မစ္စတာဟုမ်းစ်က သတင်းထောက်များအား မနေ့က ပြောကြားပါတယ်။

အခုအချိန်အထိ လေဘေးဒုက္ခသည် လေးပုံတပုံသာ ကယ်ဆယ်ထောက်ပံ့ရေးများ
ရရှိနေကြသေးလို့ အရှိန်မြှင့်လုပ်ဆောင်ရေး ကြိုးပမ်းဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
ဘန်ကီ-မွန်း (Ban Ki-moon) ကိုယ်တိုင် မြန်မာပြည်ကို ထွက်ခွာသွားပါပြီ။

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအဝင် ထိပ်တန်းတာဝန်ခံများနဲ့
တွေ့ဆုံမယ်လို့ မျှော်လင့်ပြီး မြန်မာနိုင်ငံအတွင်း နိုင်ငံတကာ အထောက်အပံ့များ
တိုးပြီး ဝင်ခွင့်ပြုဖို့ တိုက်တွန်းပြောဆိုမယ်လို့ နယူးယောက်ခ်က မထွက်ခွာမီ သတင်း ထောက်များအား ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မနေ့က ပြောဆိုသွားပါတယ်။

လူ ၇၈,၀၀၀ ကျော် သေဆုံးပြီး ၅၆,၀၀၀ ကျော် ပျောက်ဆုံးနေတဲ့ လေဘေးသင့်
ဒေသများရဲ့ အခြေအနေကိုလည်း ကိုယ်တိုင်ကိုယ်ကျ သွားကြည့်ချင်တယ်လို့
ဘန်ကီမွန်းက ပြောဆိုပါတယ်။ မြန်မာပြည်မှာ ဆိုင်ကလုံး လေပြင်းမုန်တိုင်းကျပေ
မယ့် စစ်အစိုးရကို အကူအညီမပေးဘူး၊ ငွေလည်းမချေးဘူးလို့ ကမ္ဘာ့ဘဏ်က
ဆိုပါတယ်။

၁၉၉၈ ခုနှစ်ကတည်းက စစ်အစိုးရက အကြွေးတွေကိုလည်း ပြန်မဆပ်၊ စီးပွားရေးနဲ့
တခြား ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လည်း ပျက်ကွက်လို့ ငွေချေးလို့မရနိုင်ဘူးလို့
ကမ္ဘာ့ဘဏ်က ရှင်းချက်ထုတ်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG