သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယ်ဆယ်ရေးပစ္စည်း ပိတ်ပင်မှု လူသားမဆန်တဲ့ ရာဇဝတ်မှုဖြစ်


မြန်မာစစ်အစိုးရအနေနဲ့ လေဘေးဒဏ်ကယ်ဆယ်ရေး နိုင်ငံတကာ အကူအညီတွေကို ဆက်လက်ပိတ်ပင်နေမယ်ဆိုရင် ဒါဟာ လူသားမဆန်တဲ့ ရာဇဝတ်မှုကို ကျုးလွန်တာ
ဖြစ်တယ်၊ နိုင်ငံတကာ ပြစ်မှုဆိုင်ရာတရားရုံးမှာ ဒီအတွက် တာဝန်ယူရမယ်လို့ ဥရောပ
ပါလီမန်က ဆုံးဖြတ်လိုက်ပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြပေးထား
ပါတယ်။

ပြင်သစ်နိုင်ငံ Strasbourg မှာကျင်းပတဲ့ အီးပီ ဥရောပပါလီမန်ရဲ့ ဒုတိယဝန်ကြီးတွေ
အစည်းအဝေးမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ မဲခွဲဆုံးဖြတ် ခဲ့ကြပါတယ်။ မြန်မာ စစ်အစိုးရအနေနဲ့ မုန်တိုင်းဒဏ်ခံရတဲ့သူတွေအတွက် ကယ်ဆယ်ရေး အထောက်အပံ့
တွေကို ဆက်ပြီး ငြင်းဆန်နေမယ်၊ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ၊ ကျွမ်းကျင်
သူတွေကို လက်မခံဘူးဆိုရင် ဒါဟာ လူသားမဆန်တဲ့ ရာဇဝတ်မှုကို ကျုးလွန်တာဖြစ်
တယ်၊ ဒီလိုပြစ်မှုအတွက် ICC နိုင်ငံတကာ ပြစ်မှုဆိုင်ရာတရားရုံးမှာ အရေးယူသင့်
တယ်လို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ဒီလို စစ်အစိုးရအနေနဲ့ တာဝန်ယူရမယ်ဆိုတာကို ထောက်ခံမဲ ၅၂၄ မဲ၊ ကန့်ကွက်မဲ
၃ မဲ၊ မဲမပေးဘဲ ပျက်ကွက်သူ ၁၃ မဲနဲ့ ဥရောပပါလီမန်က အတည်ပြုလိုက်တာ ဖြစ်ပါ
တယ်။

ဒီဆုံးဖြတ်ချက်က မဖြစ်မနေ လိုက်နာရမယ်ဆိုပြီး ဆုံးဖြတ်တာမျိုးတော့ မဟုတ်ပါဘူး။
ဒီတော့ ဟန်ပြသက်သက် အရေးယူတယ်ဆိုတာမျိုးလောက်ပဲ ဆုံးဖြတ်တာမျိုး ဖြစ်မနေ
ဘူးလားလို့ ဥရောပပါလီမန်က သတင်းထုတ်ပြန်ရေးအရာရှိကို ဗွီအိုအေက မေးကြည့်
ပါတယ်။

“ဒီဆုံးဖြတ်ချက်က မဖြစ်မနေ လိုက်နာရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးတော့ မဟုတ်ပါ
ဘူး။ ဒါပေမယ့် ရှင်းလင်းသိသာတဲ့အချက်က ဒါဟာ ဥရောပအဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံရဲ့
သဘောထားကို ထုတ်ဖော်ပြသလိုက်တာပါ။ မဲပေးတဲ့ကိုယ်စားလှယ်တွေဟာ ဥရောပ
နိုင်ငံတွေက တိုက်ရိုက်ရွေးချယ်ခန့်ထားတဲ့ ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။ အခု
ဆုံးဖြတ်ချက်ကို အီးယူနိုင်ငံတွေက အဖွဲ့ဝင်ဝန်ကြီးတွေ၊ ဥရောပကော်မရှင်နဲ့ ကုလ
သမဂ္ဂကို ပေးပို့မှာဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ မုန်တိုင်းဒဏ်ခံရတဲ့နေရာတွေ ဖွဲ့စည်းပုံအတည်ပြုရေး လူထုဆန္ဒခံယူပွဲ
ကျင်းပဖို့ စစ်အစိုးရက ပြင်ဆင်နေချိန်မှာ ဥရောပပါလီမန်က အခုလို ဆုံးဖြတ်ချက်
ချလိုက်တာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရက မုန်တိုင်းဘေးကြောင့် ဒုက္ခရောက်နေသူတွေအတွက် နိုင်ငံတကာ အကူအညီတွေကို ပိတ်ပင်နေတာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးယူနိုင်အောင် တွန်းအားပေးဖို့လည်း ဥရောပ အဖွဲ့ဝင်နိုင်ငံတွေကို ဥရောပ
ပါလီမန်က တိုက်တွန်းထားပါတယ်။

“ဥရောပပါလီမန်က ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်က အဓိကကတော့ မြန်မာစစ်အစိုး
ရအနေနဲ့ ဆိုင်ကလုံးမုန်တိုင်းဒဏ်ခံရတဲ့ နေရာတွေမှာ လူသားချင်းစာနာထောက်
ထားမှု အကူအညီတွေ လမ်းဖွင့်ပေးဖို့၊ ပိတ်ပင်ဟန့်တားတွေမလုပ်ဖို့ တောင်းဆိုတဲ့
ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ဒီလို ဘေးဒုက္ခအန္တရာယ် ကျရောက်နေတဲ့အချိန်မှာ မြန်မာ
စစ်အစိုးရက အကူအညီတွေပိတ်ပင်ပြီး လူထုဆန္ဒခံယူပွဲကိုပဲ ဆက်ပြီးကျင်းပဖို့ အတင်း
အကျပ် စီစဉ်နေတာကို ကျနော်တို့ အထူးပဲ စိတ်မကောင်းဖြစ်မိပါတယ်။”

မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်တွေကြောင့် သဘာဝဘေးအန္တရာယ်ကြောင့် ကြုံခဲ့ရတဲ့
ဘေးဒုက္ခကနေ လူကြောင့်ဖြစ်တဲ့၊ လူတွေဖန်တီးတဲ့ ဘေးအန္တရာယ်ဆိုးကြီးအဖြစ် ပြောင်းလဲသွားပြီလို့ပြောရင် ပြောလို့ရနိုင်မယ့်အကြောင်းကိုလည်း ဥရောပပါလီမန်ရဲ့ ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG