သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်စစ်သင်္ဘောတွေ ဝင် ရောက်ကူညီခွင့်ပြုရေး သမ္မတကတော် လော်ရာဘုရှ် တောင်းဆို


မြန်မာနိုင်ငံက ဆိုင်ကလုံး ဘေးဒဏ်ခံခဲ့ရတဲ့ ဒုက္ခသည်တွေကို အမေရိကန် ပြည်ထောင်စုရဲ့ လူသားချင်း စာနာတဲ့ အကူအညီတွေ ပေးနိုင်ရေး ခွင့်ပြုဖို့အတွက် အမေရိကန် သမ္မတကတော် လော်ရာဘုရှ် (Laura Bush) က မြန်မာ စစ်အစိုးရကို ထပ်မံ တောင်းဆိုပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ အကူအညီ အထောက်အပံ့တွေကို ပေးဖို့အတွက် ဘာမှ ချွင်းချက်ထား ကန့်သတ်တာတွေ မထားဘူးလို့လည်း သမ္မတ ကတော် လော်ရာဘုရှ်က IBB အမေရိကန် အစိုးရရဲ့ နိုင်ငံတကာ အသံလွှင့်ဌာနကို ပြောပါတယ်။

မြန်မာ အစိုးရအနေနဲ့ ဒီအကူအညီ လေယာဉ်တွေကို ဆင်းသက် ခွင့်ပြုတယ်ဆိုတဲ့ အတွက်လည်း ကျမအနေနဲ့ ဝမ်းမြောက်မိပါတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အမေရိကန် ရေတပ် သင်္ဘောတွေကိုလည်း အလားတူ ကမ်းဆိုက်ခွင့် ပေးဖို့ လော်ရာဘုရှ်က မြန်မာ စစ်အစိုးရကို တောင်းဆိုခဲ့ ပါတယ်။ လေယာဉ်နဲ့ သယ်လို့မရတဲ့ အထောက်အပံ့ ပစ္စည်းတွေကို သင်္ဘောတွေနဲ့ပဲ သယ်ဆောင် နိုင်တာကြောင့်ပဲ ဖြစ်တယ်လို့ သမ္မတကတော် လော်ရာဘုရှ်က ပြောပါတယ်။

သင်္ဘောထဲမှာ ပင်လယ် ဆားငန်ရေကနေ သောက်ရေသန့် အဖြစ် စစ်ထုတ်လို့ရတဲ့ ပစ္စည်း ကိရိယာတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရေကြီးတဲ့ နေရာတွေကို ကယ်ဆယ်ရေး လုပ်သားတွေ ထောက်ပံ့ ပစ္စည်းတွေ သယ်ဆောင်ဖို့အတွက် ရဟတ်ယာဉ်တွေလည်း ဒီသင်္ဘော ပေါ်မှာလည်း ပါရှိတယ်လို့ သမ္မတကတော် လော်ဒါဘုရှ်က ပြောဆိုခဲ့ပါတယ်။

အခုဆိုရင်တော့ အမေရိကန်ဘက်က အထောက်အပံ့ လေယာဉ်တွေ အစီးပေါင်း (၄၀)စာ မြန်မာ နိုင်ငံကို မုန်တိုင်းဒဏ်ခံထားရတဲ့ ဒုက္ခသည်တွေအတွက် ပို့ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ မနေ့ကတော့ မြန်မာအစိုးရ သတင်းစာမှာတော့ အမေရိကန်ရဲ့ အထောက်အပံ့တွေပါ အနောက်ကနေပြီး နှောင်ကြိုး ပါတယ်လို့ ဝေဖန်ဆောင်းပါးရေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG