သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ အတွင်းရေးမှူးချုပ် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံမည်


မြန်မာနိုင်ငံမှာ လေဘေးဒုက္ခသည် ၂.၅
သန်းအတွက် နိုင်ငံတကာ ကယ်ဆယ်
ထောက်ပံ့ရေးများ ပိုမိုဖွင့်ပေးဖို့ စစ်အစိုးရ ခေါင်းဆောင်များအား ဖိအားပေး
တိုက်တွန်းနေတဲ့ ကုလသမဂ္ဂ အတွင်းရေး
မှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ဟာ
ဆိုင်ကလုံး လေပြင်းမုန်တိုင်းဒဏ် အကြီး
အကျယ် ခံလိုက်ရတဲ့ ဧရာဝတီတိုင်းကို ကြာသပတေးနေ့က သွားကြည့်ပါတယ်။

ဘန်ကီမွန်း စီးနင်းလိုက်ပါသွားတဲ့ ရဟတ်
ယာဉ် ဧရာဝတီတိုင်းက အထိအနာဆုံး ဒေသများအပေါ်မှာ ပျံဝဲကြည့်ပြီး ကယ်ဆယ်ရေးစခန်းများကိုလည်း ဝင်ရောက်ရပ်နား ကြည့်ရှုပါတယ်။ လေဘေးဒုက္ခသည် အမျိုးသမီးတဦးအား စိတ်မပျက်ပါနဲ့၊ ကူညီဖို့
ကုလသမဂ္ဂ ရောက်လာပါပြီလို့ အတွင်းရေးမှူးချုပ်က အားပေးစကား ပြောကြားခဲ့ပါ
တယ်။

၃ နာရီကြာ အဲဒီလို စစ်ဆေး မကြည့်ရှုမီ ဘန်ကီမွန်းဟာ စစ်အစိုးရဝန်ကြီးချုပ်
ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ ရန်ကုန်မှာ တွေ့ဆုံပါတယ်။ အသေအကျေ၊ အပျက်အစီးက
ကြီးမားလွန်းလို့ မြန်မာနိုင်ငံ တနိုင်ငံတည်းအနေနဲ့ မကိုင်တွယ်နိုင်ပါဘူး၊ နိုင်ငံတကာ
ရဲ့ အကူအညီ၊ အထောက်အပံ့များ လိုအပ်တယ်လို့ အတွင်းရေးမှူးချုပ်က ရှင်းပြပါ
တယ်။ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ကတော့ လေဘေးကယ်ဆယ်ရေးအဆင့်
ပြီးစီးသွားလို့ ပြန်လည်ထူထောင်ရေးလုပ်ဖို့ အချိန်ရောက်နေပြီလို့ ပြန်ပြောပါတယ်။

ဘယ်လောက်အထိ ပျက်စီးသွားတယ်ဆိုတာ မှန်မှန်ကန်ကန်၊ တိတိကျကျ စူးစမ်းဖို့ လိုအပ်သေးတယ်လို့ အာဆီယံအတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝန် (Surin Pitsuwan)
ကလည်း စစ်အစိုးရကို ပြစ်တင်ဝေဖန်လိုက်ပါတယ်။

မေလ ၃ ရက်နေ့ နာဂစ်ဆိုင်ကလုံး လေပြင်းမုန်တိုင်း ကျပြီးကတည်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ စာရေးလို့လည်း စာမပြန်၊ တယ်လီဖုန်းဆက်လို့လည်း တယ်လီဖုန်းမကိုင်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ မစ္စတာဘန်ကီမွန်း ဒီကနေ့
နေပြည်တော်မှာ သွားရောက်တွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG