သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံ တခဲနက်ထောက်ခံလို့ အတည်ဖြစ်ပြီလို့ စစ်အစိုးရကြေညာ


မြန်မာနိုင်ငံမှာ မုန်တိုင်းဒဏ်သင့်ဒေသတွေမှာ ကျင်းပခဲ့တဲ့ လူထုဆန္ဒခံယူပွဲမှာ အခြေခံဥပဒေမူကြမ်းကို ဆန္ဒမဲပေးသူတွေက တခဲနက်ထောက်ခံခဲ့ကြတယ်လို့ မြန်မာ
စစ်အစိုးရက ပြောပါတယ်။

မဲလာထည့်သူ ၉၈% လောက်ရှိပြီး မဲပေးသူ ၉၂% ကျော်က ထောက်ခံမဲ ထည့်ခဲ့ကြ
တယ်လို့ အစိုးရသတင်းမီဒီယာက ဒီနေ့ပဲ ကြေညာပါတယ်။

ဖွဲ့စည်းပုံကို ပြည်သူတွေ တခဲနက်ထောက်ခံခဲ့တယ်လို့လည်း အစိုးရကပြောတဲ့ ပထမ အကြိမ်ပြုလုပ်ခဲ့တဲ့ မေလ ၁၀ ရက်နေ့ လူထုဆန္ဒခံယူပွဲရလဒ်နဲ့ တနေ့က လူထုဆန္ဒ ခံယူပွဲရလဒ်တွေက သိပ်မကွာပါဘူး။

နာဂစ်ဆိုင်ကလုံးမုန်တိုင်း မေလဆန်းမှာ တိုက်ခိုက်ခဲ့ပြီးနောက် မုန်တိုင်းဒဏ်ခံခဲ့ရတဲ့
ရန်ကုန်တိုင်းနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ လူထုဆန္ဒခံယူပွဲလုပ်ဖို့ စစ်အစိုးရက ရွှေ့ဆိုင်းပေးခဲ့ပါတယ်။ မုန်တိုင်းတိုက်ခတ်ခဲ့ပြီး တပတ်အကြာမှာပဲ မုန်တိုင်းမဝင်သွား
တဲ့ဒေသတွေမှာ လူထုဆန္ဒခံယူပွဲကို စီစဉ်ထားတဲ့အတိုင်း ကျင်းပခဲ့လို့ နိုင်ငံတကာက
ဝေဖန်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ပါတယ်။

ဒီအခြေခံဥပဒေမူကြမ်းကို လူထုက အတည်ပြုပြီးရင် လာမယ့် ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ အစိုးရကပြောပါတယ်။ ဒီဖွဲ့စည်းပုံဥပဒေဟာ စစ်အစိုးရ
ရဲ့ ချုပ်ကိုင်မှုကိုသာ ပိုပြီးအားကောင်းစေမှာဖြစ်တယ်လို့ အတိုက်အခံတွေနဲ့ လူ့အခွင့် အရေးအဖွဲ့တွေက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG