သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရရဲ့ ကတိတည်မတည် နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များ စတင်စမ်းသပ်


စစ်အစိုးရက ကယ်ဆယ်ရေးဝန်ထမ်းတွေ
ကို အကန့်အသတ်မရှိ သွားရောက်ကူညီ
ခွင့်ပြုမယ်လို့ အလှူရှင်တွေရဲ့ ညီလာခံမှာ ကတိပြုခဲ့ပြီးတဲ့နောက် အကူအညီပေးရေး
အဖွဲ့တွေဟာ မုန်တိုင်းဒဏ်သင့် ဒေသတွေ
ကို ကယ်ဆယ်ရေးအဖွဲ့တချို့ တနင်္လာနေ့
မှာ စေလွှတ်နေပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အဓိကဆန်စပါးစိုက်ပျိုးရာ
ဒေသကို မုန်တိုင်းကျရောက်ခဲ့တာ ၃ ပတ် ကျော်လာခဲ့ပါပြီ။ လူပေါင်း ၁၃၄,၀၀၀ က သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးနေကြပါ
တယ်။ စစ်အစိုးရက အရေးပေါ်ကယ်ဆယ်ရေးအလုပ်တွေ ပြီးဆုံးသွားပြီလို့ ပြောခဲ့ပြီး ပြန်လည်တည်ဆောက်ရေးအတွက် ဒေါ်လာ သန်းပေါင်း ၁၁,၀၀၀ ကို တောင်းဆိုထား
ပါတယ်။ ဒါပေမယ့် အသက်ရှင်ကျန်ရစ်သူ ၄ ယောက်မှာ ၃ ယောက်က ကယ်ဆယ်
ရေးအကူအညီ မရရှိကြသေးပါဘူးလို့ ကုလသမဂ္ဂက ဆိုပါတယ်။ မြစ်ဝကျွန်းပေါ်ဒေသ
မှာ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့လူတွေက လမ်းဘေးတလျှောက် အစားအသောက်တွေကို တောင်းခံနေကြဆဲဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဆိုပါတယ်။ အစိုးရ စစ်ဆေး
ရေးဂိတ်တွေက မပေးဖို့ လူတွေကို သတိပေးနေပါတယ်။ လူ ၂,၀၀၀,၀၀၀ ကျော်ဟာ သန့်ရှင်းတဲ့ရေမရှိ၊ အမိုးအကာမဲ့နေပြီး ကျန်းမာရေးစောင့်ရှောက်မှုလည်း မရကြ
သေးပါဘူး။

ဘန်ကောက်မြို့မှာတော့ ကယ်ဆယ်ရေးဝန်ထမ်းတွေဟာ မြန်မာနိုင်ငံတွင်း ဝင်ရောက်
ဖို့ ရက်သတ္တပတ်ပေါင်းများစွာ ဗီဇာစောင့်နေကြရပါတယ်။ တနင်္လာနေ့မှာတော့ မြန်မာ
သံရုံး ဗီဇာဌာန မီးလောင်ခဲ့တာမို့ ဗီဇာဌာနကို ယာယီပိတ်ထားခဲ့ရပါတယ်။ မီးလိုင်း
ဓာတ်ကြိုးတွေ မှားသွယ်မိလို့ မီးလောင်ရတာလို့ သံရုံးကဆိုပါတယ်။

တနင်္ဂနွေနေ့မှာ အလှူရှင်များညီလာခံ ပြီးဆုံးသွားခဲ့ပါပြီ။ အမေရိကန် အပါအဝင် နိုင်ငံ ပေါင်းများစွာက ကယ်ဆယ်ရေးလိုအပ်မှု အကဲဖြတ်ချက် ဆောင်ရွက်ဖို့ မုန်တိုင်းသင့်
ဒေသတွေကို နိုင်ငံတကာ ကျွမ်းကျင်သူတွေ သွားရောက်ခွင့်ပြုမှသာ အကူအညီကို
ပိုပေးနိုင်မယ်လို့ ဆိုကြပါတယ်။

စစ်အစိုးရက နိုင်ငံခြားကယ်ဆယ်ရေးဝန်ထမ်းတွေကို တိုင်းပြည်တွင်း ဝင်ရောက်ခွင့်
ပြုခဲ့ပေမယ့် အမေရိကန်နဲ့ ပြင်သစ် စစ်သင်္ဘောတွေ၊ အကူအညီပေးပစ္စည်းတွေ ကမ်းကပ်ပို့ဆောင်ရေးကိုတော့ ငြင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG