သုံးရလွယ်ကူစေသည့် Link များ

မြစ်ဝကျွန်းပေါ်ဒေသ စားနပ်ရိက္ခာရှားပါးမှု ကြုံရနိုင်


နာဂစ်ဆိုင်ကလုံးမုန်တိုင်းကြောင့် အကြီး
အကျယ် သေကျေပျက်စီးခဲ့ရတဲ့ဒေသမှာ
စားနပ်ရိက္ခာကို အနည်းဆုံး တနှစ်
လောက် ထောက်ပံ့ဖို့လိုနေပြီလို့ ကုလ
သမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ကြီးက ပြောဆို
လိုက်ပါတယ်။

နာဂစ်မုန်တိုင်းတိုက်ခတ်ခဲ့ပြီး တလနီးပါး
အကြာမှာ လေ့လာခန့်မှန်းချက်အရ ဧရာ
ဝတီမြစ်ဝကျွန်းပေါ်ဒေသက ထောင်
သောင်းချီတဲ့ ဒုက္ခသည်တွေဟာ စားနပ် ရိက္ခာအကူအညီတွေ မရရှိကြသေးဘူးလို့ FAO ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ပြောဆိုလိုက်တာပါ။

စားရေရိက္ခာပြတ်လပ်မှုနဲ့ ကုန်ဈေးနှုန်းတွေ အဆမတန် တက်နေတာကြောင့် နိုင်ငံရဲ့ လုံခြုံရေးအတွက် အန္တရာယ်ရှိတယ်လို့လည်း FAO အဖွဲ့ကြီးက သုံးသပ်ထားပါတယ်။
ရန်ကုန်မြို့မှာ ဆန်ဈေးနဲ့ တခြားအခြေခံစားကုန်တွေ ဈေးတက်သွားတယ်လို့ သတင်း
တွေမှာ ဖော်ပြထားပါတယ်။

စားနပ်ရိက္ခာရှားပါးတဲ့ပြဿနာကို ရှောင်နိုင်ဖို့အတွက် လာမယ့်သီတင်းပတ်တွေ
အတွင်း စပါးစိုက်ပျိုးရေးအတွက် လုံးပမ်းဖို့လိုမယ်လို့လည်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့
ကြီးက သတိပေးထားပါတယ်။

မြန်မာနိုင်ငံရဲ့ စပါးကျီလို့ တင်စားရတဲ့ ဧရာဝတီတိုင်းမှာ ဆိုင်ကလုံးမုန်တိုင်းကြောင့်
သေဆုံးသူနဲ့ ပျောက်ဆုံးသူပေါင်း ၁၃၄,၀၀၀ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

မြန်မာစစ်အစိုးရက သဘောတူညီခဲ့တဲ့အတိုင်း ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့
အစည်းတွေက မြန်မာနိုင်ငံကိုသွားဖို့ ပြင်ဆင်ထားတဲ့ ကူညီကယ်ဆယ်ရေး ကျွမ်းကျင်
ဝန်ထမ်း ၄၅ ဦးဟာ မြန်မာပြည်ဝင်ခွင့်ဗီဇာ ရရှိခဲ့ကြပြီလို့ ကုလသမဂ္ဂ လူသားချင်း
စာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံးက မနေ့က ပြောကြားလိုက်ပါတယ်။

ကယ်ဆယ်ရေးပစ္စည်းတွေကိုပဲ လက်ခံခဲ့ပြီး မိမိတို့ဘာသာ ဒုက္ခသည်တွေဆီ ဖြန့်ဖြူး
မယ်လို့ မြန်မာစစ်အစိုးရက ပြောခဲ့ပြီး သီတင်းသုံးပတ် တင်းခံနေခဲ့ပြီးနောက် ကူညီ ကယ်ဆယ်ရေးပစ္စည်းတွေ မြန်မာနိုင်ငံထဲကို လွတ်လပ်စွာ စီးဆင်းနေပုံရတယ်လို့
လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ အရင်ရက်တွေတုန်းက မလှူရ၊ မတန်းရလို့ တားမြစ်ခံထားရတဲ့ ပြည်တွင်း ပုဂ္ဂလိက အလှူရှင်တွေ မည်သူမဆို ဧရာဝတီမြစ်ဝကျွန်း
ပေါ်ဒေသ မုန်တိုင်းသင့်ဒေသတွေကို သွားရောက်ပြီး လှူဒါန်းနိုင်တယ်လို့ ဗုဒ္ဓဟူးနေ့
ထုတ် မြန်မာအစိုးရသတင်းစာတွေက ဖော်ပြခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG