သုံးရလွယ်ကူစေသည့် Link များ

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ရောက်ရှိစဉ် အီရတ်တွင် အသေခံ ဗုံးဖောက်ခွဲမှုဖြစ်


မြို့တော် ဘက်ဂဒက်ရဲ့ အနောက်ဘက် ဟိ(ဒ်) မြို့မှာ အသေခံ ဗုံးဖောက်ခွဲမှုကြောင့် စနေနေ့က လူ ၉ ယောက်ထက်မနဲ သေဆုံးသွားကြောင့် အီရတ်အစိုးရ တာဝန်ခံများက ပြောကြားပါတယ်။ ရဲစစ်ကြောရေးစခန်းကို အသေခံဗုံးဖောက်ခွဲ တိုက်ခိုက်မှုကြောင့် သေဆုံးသွားကြတဲ့ထဲမှာ အနဲဆုံး ရဲတစ်ယောက် ပါဝင်ပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဘားနတ် ကူခ်ျနာ ဟာ အီရတ်အစိုးရ တာဝန်ခံများနဲ့ ဆွေးနွေးဖို့ ရီရတ်နိုင်ငံကို ၂ ရက်ခရီးအဖြစ် ရောက်ရှိနေစဉ် အဲဒီ တိုက်ခိုက်မှု ဖြစ်ပွားတာပါ။ အီရတ်နိုင်ငံရဲ့ ကိစ္စရပ်များမှာ ပြင်သစ်နိုင်ငံ ပြန်လည် ပါဝင်နိုင်ဖို့နဲ့ အီရတ်နိုင်ငံရဲ့ ပြန်လည် ထူထောင်ရေးမှာ ကူညီဖို့ ရည်စူးပြီး ပြင်သစ်နိုင်ငံခြားရေး
ဝန်ကြီး အီရတ်ကို အခုလို သွားရောက်တာ ဖြစ်ပါတယ်။

စနေနေ့က ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကူခ်ျနာ အီရတ်နိုင်ငံ တောင်ပိုင်း လက်စီရီးယားမြို့ကို ရောက်ရှိသွားစဉ်မှာပဲ သူပုန်များ ပစ်ခတ်တဲ့ ရော့ကတ်များ အဲဒီမြို့ကို ထိမှန်သွားပါတယ်။ ဧည့်သည် နိုင်ငံခြားရေးဝန်ကြီးဟာ အီရတ် ဒုတိယ သမ္မတ အဘ်ဒယ်လ်အဘ်ဒူမာဒီ နဲ့ တွေ့ဆုံပြီး ၀န်ကြီးချုပ် နူရီအယ်လ် မာလိခီ နဲ့လည်း ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG