သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လောင်စာဆီဈေး ကြီးမြင့်မှု ဆန့်ကျင်ဆန္ဒပြပွဲများ ဥရောပမှာ ဖြစ်ပွား


လောင်စာဆီဈေး ကြီးမြင့်မှုကြောင့် ထောင်နဲ့ချီတဲ့ စပိန်နိုင်ငံသား ထရပ်ကားမောင်း သမားတွေ ဆန္ဒပြခဲ့ကြပါတယ်။ ထရပ်ကားမောင်း သမားတွေက ဆီဈေး လျှော့ချဖို့ တောင်းဆိုတာတွေ ရှိခဲ့သလို၊ တခြား ယာဉ်မောင်းသူတွေ ကလည်း ဓာတ်ဆီ ပြတ်လပ်မှာကို ကြိုတင်တွေးဆပြီး ဆီတွေအပြည့် သိုလှောင်နေကြလို့ မက်ဒရစ်မြို့နဲ့ ဘာစီလိုနာမြို့တွေမှာ ယာဉ်သွားလာမှု ပြဿနာကြုံရတဲ့ သတင်းတွေ ဒီကနေ့ပဲ ထွက်ပေါ်လာခဲ့ပါတယ်။

ဆန္ဒပြပွဲတွေကြောင့် စပိန်နဲ့ ပြင်သစ် အဓိက နယ်စပ်ဖြတ်ကျော်ရာ နေရာမှာလည်း လမ်းပိတ်ဆို့မှုတွေ ဖြစ်ခဲ့ပါတယ်။ ဒီအတောအတွင်း မြေထဲပင်လယ်ဒေသမှာ လောင်စာဆီဈေး ကြီးမြင့်မှုကို ကန့်ကွက် ဆန္ဒပြနေကြတဲ့ ပြင်သစ် ငါးဖမ်းသမားတွေက သူတို့ရဲ့ ၃ ပတ်ကြာ ဆန္ဒပြပွဲတွေကို ဒီကနေ့ပဲ ရပ်တန့် ခဲ့ကြပါတယ်။ အဓိက ဆိပ်ကမ်းတွေ လောင်စာဆီ ဖြည့်တင်းရာ နေရာတွေကို ပိတ်ဆို့ထားခဲ့တဲ့ ဆန္ဒပြပွဲတွေကို ရပ်တန့်ခဲ့တာပါ။ ဇွန်လ ၂၃ - ၂၄ ရက်နေ့တွေမှာ ကျင်းပဖို့ရှိတဲ့ ဥရောပငါးဖမ်းဆီးရေး ဝန်ကြီးအစည်းအဝေးမှာ လောင်စာဆီကိစ္စ ဆွေးနွေးဖို့ ပြင်ဆင်နေချိန်မှာပဲ အခုလို ရပ်တန့်ခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG