သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်-အီးယူ ထိပ်သီးညီလာခံတက်ရန် သမ္မတဘုရှ် စလိုဗေးနီးယား ရောက်ရှိ


ဥရောပသမဂ္ဂ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ
ဆွေးနွေးမယ့် ထိပ်သီးအစည်းအဝေးအတွက် အမေရိကန်သမ္မတ ဘုရှ် အခု စလိုဗေးနီးယား
နိုင်ငံကို ရောက်ရှိနေပါပြီ။ ဆွေးနွေးမယ့် အကြောင်းအရာတွေထဲမှာ စီးပွားရေးနဲ့ လုံခြုံ
ရေးကိစ္စတွေ ပါဝင်တယ်လို့ ဗွီအိုအေ အိမ်ဖြူတော်သတင်းထောက် ပေါ်လာ ဝုဖ်ဆင်
(Paula Wolfson) လူဘလီယားနား (Ljubljana)
မြို့ကနေ သတင်းပေးပို့ထားပါတယ်။ အပြည့်
အစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

အန္တလန်တစ်နိုင်ငံများရဲ့ ထိပ်သီးအစည်းအဝေး
မှာ စီးပွားရေးကိစ္စကို အဓိကထားပြီး ဆွေးနွေးလေ့ရှိပါတယ်။ ဥရောပသမဂ္ဂ
ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါ ငွေကြေးှဆိုင်ရာကိစ္စကို အဓိကထား ဆွေးနွေးဖို့
စိတ်အားထက်သန်နေတယ်လို့ အမေရိကန်သမ္မတ ဘုရှ်က ဆိုပါတယ်။

“တခါမှမကြုံဘူးတဲ့ စိန်ခေါ်မှုမျိုးတွေနဲ့ ရင်ဆိုင်နေရတဲ့ တချိန်တည်းမှာ အမေရိကန်ရဲ့ စီပွားရေးဟာလည်း ဆက်ပြီးတော့ တက်နေဆဲပါ။ ကျနော်တို့ ဒီကနေ့ရင်ဆိုင်နေရတဲ့ အကျပ်အတည်း၊ အခက်အခက်တွေကို ကျော်လွှားနိုင်ဖို့အတွက် အမေရိကန်ရဲ့ စီးပွား
ရေးကိုရော၊ ဥရောပနိုင်ငံတွေရဲ့ စီးပွားရေးကိုပါ အတက်အကျ ထိန်းညှိသွားနိုင်ရပါ
မယ်။”

လောင်စာဆီဈေးနှုန်း ကြီးမြင့်မှုကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့အတွက် ပူးတွဲလုပ်ငန်း
ဆောင်ရွက်ကြဖို့ ဆွေးနွေးလိုတယ်လို့လည်း သမ္မတ ဘုရှ်က ပြောပါသေးတယ်။ အမေ
ရိကန် ဒေါ်လာတန်ဖိုး ကျဆင်းနေတာနဲ့ ပတ်သက်တဲ့ စိုးရိမ်ချက် အပါအဝင် ငွေကြေး
ဆိုင်ရာ ကိစ္စတွေကိုလည်း ဆွေးနွေးသွားဖို့ရှိတယ်လို့ သူကပြောပါတယ်။

“အမေရိကန်ဒေါ်လာတန်ဖိုး ပြန်တက်လာရေးအတွက် ကျနော်တို့ သန္နိဋ္ဌာန်ချ ဆောင်
ရွက်နေတဲ့အပေါ်မှာလည်း ဆွေးနွေးဖို့ရှိပါတယ်။ အမေရိကန်ဒေါ်လာတန်ဖိုး ပြန်တက်
လာရေးဟာ ကျနော်တို့ရဲ့ အဓိကလိုလားချက်ပါ။ ဒါဟာ ကမ္ဘာ့စီးပွားရေးအတွက်လည်း အရေးကြီးပါတယ်။”

အန္တလန်တစ်နိုင်ငံတွေရဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်ချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း ဒီထိပ်သီးအစည်းအဝေးမှာ မကြာသေးခင်နှစ်တွေအတွင်း စပြီးတော့ ဆွေးနွေးခဲ့ကြ
ပါတယ်။ လူဘလီယားနားမြို့အပြင်ဘက် ရဲတိုက်တခုမှာပြုလုပ်တဲ့ ဒီထိပ်သီးအစည်း
အဝေးမှာ ဘော်လ်ကန်ဒေသ တင်းမာမှုအခြေအနေတွေ လျော့ကျစေနိုင်ဖို့နဲ့ အရှေ့ အလယ်ပိုင်းဒေသမှာ ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးနိုင်ဖို့အတွက် ကြိုးပမ်းချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးဖို့ရှိတယ်လို့ အိမ်ဖြူတော်က ဆိုပါတယ်။

အီရန် နျူကလီးယားအရေးနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ စိတ်အားထက်သန်နေတဲ့
အကြောင်းလည်း သမ္မတဘုရှ်က ပြောဆိုထားပါတယ်။ သူ့အနေနဲ့ ဒီမိုကရေစီဖွံ့ဖြိုးစ အာဖဂန်နစ္စတန်နိုင်ငံမှာ ဒီမိုကရေစီပြန့်ပွားရေး ဆောင်ရွက်ဖို့ သူတို့အနေနဲ့ ဆုံးဖြတ် ချက်ချထားတဲ့အတိုင်း ရှေ့ဆက်ဆောင်ရွက်သွားဖို့ ရှိတာနဲ့ပတ်သက်လို့လည်း အိမ်ဖြူ
တော်ကနေထွက်ခွာစဉ် သမ္မတဘုရှ် ဥရောပနိုင်ငံတွေနဲ့ ဆွေးနွေးသွားဖို့ ရှိပါတယ်။

“အာဖဂန်နစ္စတန်ကို တပ်တွေစေလွှတ်ဖို့ ဆုံးဖြတ်ခဲ့ကြတဲ့နိုင်ငံတွေကို ကျနော့်အနေနဲ့ အထူးကျေးဇူးတင်သလို ကျနော်တို့အနေနဲ့ အများကြီး ဆက်လုပ်စရာတွေ ရှိနေသေး တယ်ဆိုတာကိုလည်း သူတို့ကို သတိပေးချင်ပါတယ်။”

အီးယူ ဥရောပသမဂ္ဂ ခေါင်းဆောင်တွေနဲ့ အမေရိကန်သမ္မတဘုရှ် စလိုဗေးနီးယားမှာ တွေ့ဆုံဆွေးနွေးခဲ့ပြီးတဲ့နောက် ထူးထူးခြားခြား ကြေညာချက် ထုတ်ပြန်ဖို့တော့ မျှော်လင့်မထားဘူးလို့ အိမ်ဖြူအစိုးရအရာရှိတွေက ပြောပါတယ်။ ၆ လတကြိမ်
တာဝန်ပြောင်းလဲယူရတဲ့ အီးယူရဲ့ ဥက္ကဋ္ဌ အလှည့်ကျနေရာကို လောလောဆယ် စလို
ဗေးနီးယားက တာဝန်ယူထားတာပါ။

စလိုဗေးနီးယား ဝန်ကြီးချုပ်အပြင် အီးယူ ထိပ်တန်းခေါင်းဆောင်တွေဖြစ်တဲ့ ဥရောပ
ကော်မရှင် ဥက္ကဋ္ဌ ဂျော့ဆေး ဘာရိုဆို (Jose Barroso) နဲ့ အီးယူ လုံခြုံရေးဆိုင်ရာ
အကြီးအကဲ ဟားဗီးယား ဆိုလားနား (Javier Solana) တို့ ဒီထိပ်သီးအစည်းအဝေးမှာ တက်ရောက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဒီအစည်းအဝေးပြီးရင် အမေရိကန်သမ္မတ ဘုရှ်ဟာ ဂျာမဏီ၊ အီတလီ၊ ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံတွေကိုလည်း သွားရောက်ဦးမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG