သုံးရလွယ်ကူစေသည့် Link များ

အာဖဂန်အတွက် ဒေါ်လာသန်းပေါင်း ၅၀,၀၀၀ သမ္မတကာဇိုင်း တောင်းဆို


လာမယ့်ငါးနှစ်အတွင်း အာဖဂန်နစ္စတန်နိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်း (Hamid Karzai) က နိုင်ငံတကာ
အကူအညီ ဒေါ်လာသန်းပေါင်း ၅၀,၀၀၀ တောင်းခံလိုက်ပါတယ်။

ပြင်သစ်နိုင်ငံ ပဲရစ်စ်မြို့တော်မှာ ဒီနေ့ပြုလုပ်တဲ့
နိုင်ငံပေါင်း ၈၀ ကျော် အလှူရှင်ညီလာခံမှာ
မစ္စတာကာဇိုင်းက မိန့်ခွန်းပြောကြားစဉ် အခုလို မေတ္တာရပ်ခံလိုက်တာ ဖြစ်ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံအတွက် လုံခြုံရေးနဲ့ အခြေခံအဆောက်အဦဆိုင်ရာ ရေရှည်အထောက်အပံ့တွေ ပေးကြဖို့ကိုလည်း အလှူ
ရှင်တွေကို မစ္စတာကာဇိုင်းက တိုက်တွန်းထားပါတယ်။

အမေရိကန်ပြည်ထောင်စုက ဒေါ်လာသန်းပေါင်း ၁၀,၀၀၀ ထောက်ပံ့မယ်လို့ သမ္မတ
ကတော် လော်ရာဘုရှ် (Laura Bush) က ဒီညီလာခံမှာ ပြောကြားသွားပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံဟာ အနာဂတ်အတွက် အဆုံးအဖြတ်ပေးရမယ့်အချိန်ကို
ရောက်ရှိနေပြီး အလှူရှင်နိုင်ငံတွေအနေနဲ့ မျက်ကွယ်ပြုနေလို့ မရဘူးလို့လည်း
မစ္စဘုရှ်က ဆိုပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် ဂျာမဏီနိုင်ငံက လာမယ့်
၂ နှစ်အတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၅၀ နဲ့ နော်ဝေနိုင်ငံက လာမယ့်
၅ နှစ်အတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၇၃၀ အသီးသီးထောက်ပံ့မယ်လို့လည်း ကတိပြုကြပါတယ်။

အမေရိကန်က သူတို့ထောက်ပံ့မယ့် ဒေါ်လာသန်းပေါင်း ၁၀,၀၀၀ ဟာ ၂ နှစ်အတွက်
ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ် (Condoleezza Rice) က ပြောဆို
ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံမှာ အဂတိလိုက်စားမှုတွေ ရှိနေတဲ့အတွက် စိုးရိမ်
ရတယ်ဆိုတာ သိပေမယ့်လည်း ဒါတွေကို သမ္မတကာဇိုင်းက နားလည်ပြီး သူဟာ
အကူအညီတွေ လိုအပ်နေတယ်လို့ ဝန်ကြီး ရိုက်စ်က ပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG