သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီတလီဝန်ကြီးချုပ်နှင့် သမ္မတဘုရှ် အီရန်၊ အာဖဂန်အရေး ဆွေးနွေးမည်


အမေရိကန်သမ္မတ ဂျော့ချ်ဒလျူဘုရှ် (George
W.Bush) ဟာ ရောမမြို့မှာ အီတလီနိုင်ငံ
ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ဆွေးနွေးပွဲတွေ ဆက်တိုက်ကျင်းပနေပါတယ်။ အီရန်နဲ့ အာဖဂန် နစ္စတန်အရေးကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့်
ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။ အီတလီ
နိုင်ငံ ရောမမြို့ကနေ ဗွီအိုအေ အိမ်ဖြူတော်
သတင်းထောက် ပေါ်လာ ဝုဖ်ဆင် (Paula
Wolfson) သတင်းပေးပို့ထားတာကို
မညိုညိုလွင်က တင်ပြပေးထားပါတယ်။

သမ္မတဘုရှ် အီတလီနိုင်ငံကို ရောက်တယ်ဆိုရင်
အီတလီဝန်ကြီးချုပ် ဆီလီဗီယို ဘလူဆကိုနီ (Silvio Berlusconi) က နွေးနွေးထွေးထွေး ကြိုဆိုနှုတ်ဆက်မယ်လို့ မျှော်လင့်နိုင်ပါတယ်။ အီတလီဝန်ကြီးချုပ်ဟာ ဧပြီလက
ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ်ကမှ
အစိုးရသစ် ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

အီတလီဝန်ကြီးချုပ် ဆီလီဗီယို ဘလူဆကိုနီဟာ အီရန်ရဲ့ ယူရေနီယံသန့်စင်မှုတွေ ရပ်တန့်သွားအောင် နားချတိုက်တွန်းနိုင်ရေး အနောက်နိုင်ငံတွေက သံတမန်ရေးအရ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဆောင်ရွက်နိုင်အောင် တိုက်တွန်းနေပါတယ်။

အီတလီမှာ တွေ့ဆုံဆွေးနွေးကြတဲ့အခါ သမ္မတဘုရှ်ကလည်း အာဖဂန်နစ္စတန်အရေး
ကိစ္စမှာ အီတလီအနေနဲ့ ပိုပြီး ကြီးမားတဲ့ ကတိကဝတ်တွေ ပေးလာအောင် အလားတူ တောင်းဆိုမယ်လို့ မျှော်လင့်ရပါတယ်။

သမ္မတဘုရှ်ရဲ့ ရောမမြို့ခရီးစဉ် စတင်ပါပြီ။ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ကုမ္ပဏီ
တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ၊ သင်တန်းတွေ အပြန်အလှန် ဆက်သွယ်ဆောင်ရွက်
နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို သမ္မတဘုရှ် တွေ့ဆုံပါတယ်။

ဒီလိုစီမံချက်တွေကို သမ္မတဘုရှ်က ချီးကျူးပြောဆိုပြီး ဒီလို အပြန်အလှန်ဖလှယ်ရေး အစီအစဉ်တွေက နားလည်မှု ပိုရစေတယ်လို့ ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုအတွက် အကောင်းဆုံး သံတမန်ရေး နည်းလမ်းကတော့
အထူးသဖြင့် လူငယ်ရောင်းရင်းတွေကြားမှာ ခင်ဗျားတို့ကို၊ ကျနော်တို့ကို လာရောက်ဖို့
ဖိတ်ခေါ်မယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ပတ်သက်လို့ ခင်ဗျားတို့ အမှန်အတိုင်း
သိမြင်လာကြဖို့ပါ။

စားပွဲဝိုင်းဆွေးနွေးပွဲအပြီး အမေရိကန်သမ္မတဘုရှ်ဟာ အီတလီခေါင်းဆောင်တွေနဲ့
ဆွေးနွေးပွဲတွေ ဆက်တိုက်ကျင်းပနေပါတယ်။ အီတလီဝန်ကြီးချုပ်နဲ့ အလုပ်ကိစ္စ
ဆွေးနွေးတဲ့ ညစာစားပွဲလည်း ကျင်းပပါတယ်။

အီတလီဝန်ကြီးချုပ် ဘလူဆကိုနီဟာ အမေရိကန်သမ္မတနဲ့ နီးနီးကပ်ကပ် လက်တွဲ ဆောင်ရွက်နေတဲ့သူဖြစ်ပြီး သမ္မတဘုရှ်ဘက်က အခိုင်အမာရပ်တည်တဲ့ မဟာမိတ်
အဖြစ် ရှုမြင်ရပါတယ်။

ဒါပေမယ့်လည်း အီရတ်စစ်ပွဲအရေးကိစ္စကြောင့် အီတလီမှာ သမ္မတဘုရှ်ကို လူကြိုက်
များလှတာတော့ မဟုတ်ပါဘူး။

ဗုဒ္ဓဟူးနေ့ နေ့လယ် သူ ရောမမြို့ကို ရောက်တယ်ဆိုရင်ပဲ ဆန္ဒပြသူတွေက မြို့လယ်မှာ
စုဝေးနေခဲ့ပါတယ်။ ရဲတွေ ထောင်နဲ့ချီပြီး လုံခြုံရေး အပိုချထားပါတယ်။ ဆန္ဒပြတဲ့သူ
တွေက သူတို့ဟာ အမေရိကန်ကို ဆန့်ကျင်ရုံတင်မဟုတ်ဘဲ အီတလီက အမေရိကန်
ဘက်က လက်တွဲရပ်တည်တာကိုလည်း ဆန္ဒပြတယ်လို့ ပြောပါတယ်။

ဆန္ဒပြသူတယောက်က အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာတဝှမ်း လူမှုရေး၊ စစ်ရေး
နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရာဇဝတ်မှုတွေကို ကျူးလွန်နေတယ်၊ ဒါကိုဆန့်ကျင်
တယ်လို့ ပြောဆိုလိုက်တာပါ။ အီတလီအစိုးရကလည်း ဒီရာဇဝတ်မှုတွေမှာ တာဝန်
မကင်းဘူးလို့ ပြောသွားတာပါ။

ဒါပေမယ့် ဒီလို သဘောထားအမြင် အီတလီက လူတိုင်းမှာရှိတာတော့ မဟုတ်ပါဘူး။ ရောမမြို့သူမြို့သား တော်တော်များများက ဆန္ဒပြပွဲတွေကြောင့် လုံခြုံရေးတွေ တိုးချ
တာတွေအပါအဝင် ကြုံလာရတဲ့ အကျိုးဆက်တွေကို ဒေါသဖြစ်နေကြပါတယ်။

ဆန္ဒပြပွဲတွေကြောင့် ဘတ်စကားတွေနဲ့ ရထားတွေ လမ်းကြောင်းပြောင်းရပါတယ်။
သမ္မတဘုရှ် အီတလီမှာရောက်နေတဲ့အချိန် ခရီးသည်တင်လေယဉ်တွေ ရောမမြို့ကို ဆင်းသက်ခွင့်မပေးပါဘူး။

ဒါပေမယ့်လည်း ဆလိုဗေးနီးယားနဲ့ ဂျာမဏီနိုင်ငံတွေကို သမ္မတဘုရှ် သွားခဲ့တဲ့အချိန်
ကတော့ လုံခြုံရေးတိုးချထားတဲ့ လက္ခဏာတွေ မတွေ့ခဲ့ရပါဘူး။ ဆန္ဒပြပွဲတွေလည်း
မရှိခဲ့ပါဘူး။ ဂျာမဏီမှာ လှုပ်ရှားနေတဲ့ အဖွဲ့တဖွဲ့ကတော့ သမ္မတဘုရှ်ဟာ သမ္မတရာထူး
ကို ကြာကြာဆက်ပြီး ယူတော့မှာမဟုတ်တဲ့အတွက် ဆန္ဒပြဖို့ မလိုတော့ဘူးလို့ ပြောဆို
ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG